Ep>>23..Zg

326 8 0
                                    

🕊️ဇာတ်သိမ်းခန်းလေး🕊️

" စိတ်ဖိစီးမှုတွေ အရမ်းများနေလို့ပါ
သိပ်တော့ စိတ်ပူစရာမရှိပါဘူး
ဖိအားအရမ်းများတော့
ခန္တာကိုယ်ကိုလာထိတဲ့သဘောပါပဲ
ပြီးတော့ လူနာက
အိပ်ရေးအပျက်ခံပုံရတယ်
အိပ်ရေးပျက်ပါများရင်လဲ
လူကဒဏ်မခံနိုင်ဖြစ်တက်ပါတယ်.. "

ဒေါက်တာရဲ့စကားကြောင့်
ရှောင်ကျန့်ရော ဇင်းနစ်ပါ
သက်ပြင်းချမိရင်း....

" ဟုတ်ကဲ့ ဝမ်လေးက
စာရေးဆရာတစ်ယောက်ဖြစ်တာမို့
အိပ်ချိန်ကို သတ်မှတ်ထားပုံ
မပေါ်ဘူး..ဆရာ.. "

ဇင်းနစ်ရဲ့အပြောကို
ဒေါက်တာက ခေါင်းငြိမ့်ရင်း...

" အော် စာရေးဆရာကိုးးး
ဒါပေမဲ့ ကျန်းမာရေးအတွက်တော့
ပိုပြီးဂရုစိုက်မှရမယ်
ဒီလိုသာ ခန ခန ဖြစ်နေမယ်ဆို
လူကိုဒုက္ခဖြစ်စေတယ်
ဒါကြောင့် အတက်နိုင်ဆုံး
ပေတေမနေပဲ ဂရုစိုက်တာ
အကောင်းဆုံးပါ... "

" ဟုတ်ကဲ့ပါ ဆရာ... "

" အင်း လူနာက စိုးရိမ်စရာမရှိတာမို့
နိုးလာရင် ဆေးရုံကဆင်းလို့ရပါပြီ...
အခုတော့ ကျွန်တော့်ကိုခွင့်ပြပါအုံး "

" ကျေးဇူးပါ ဒေါက်တာ... "

ရှောင်ကျန့်ရဲ့ ကျေးဇူးစကားကို
ဒေါက်တာက ပြုံး၍အသိမှတ်
ပြုကာ...ထွက်သွားတော့သည်...။

ဒေါက်တာထွက်သွားသည်နှင့်
လူနာကုတင်ပေါ်က ကလေးငယ်နားသို့
လျှောက်လာလိုက်ပြီး...
အရင်လိုလက်ဖောင်းဖောင်းလေးတွေ
အစား ခပ်သွယ်သွယ်ဖြစ်သွားသော
လက်ကလေးကို ဆုတ်ကိုင်ရင်း
မြတ်နိုးစွာ နမ်းရှိုက်မိသည်..။

" တောင်းပန်ပါတယ်.. "

ဇင်းနစ်ရှေ့တွင်လဲသူမရှက်နိုင်ပါ
ခံစားချက်တွေက တနင့်တပိုးမို့
မထိမ်းချုပ်ချင်တော့...။

" ဝမ်လေးကို ခေါ်ခဲ့လိုက်တော့
ရှောင်ကျန့် နိုးလာတဲ့ထိ
မစောင့်တော့နဲ့... "

" ဒါပေမဲ့... "

" ဝမ်လေးကို နင်မလိုချင်ဘူးလား
ငါပြောတာကိုလက်ခံလိုက်စမ်းပါ
ငါထင်သလောက်တော့
ဝမ်လေးက ငါ့တို့ကို
တွေ့ပြီးစကားပြောဖို့ခက်ခဲနေသေးမှာပဲ
ဒါကြောင့် သူ့နိုးလာခဲ့ရင်တောင်
နင့်ကိုအသာတကြည့်လက်ခံ
စကားပြောမယ်ထင်နေလား..
ငါပြောတာကိုသာလက်ခံလိုက်စမ်းပါ.. "

ဇာတ်သိမ်းခန်းလေး..Onde histórias criam vida. Descubra agora