🕊️ဇာတ်သိမ်းခန်းလေး🕊️
" ဝမ်ရိပေါ် "
" ဟမ် "
ထုံးစံအတိုင်း လူရှင်းသည့်နေရာတွင် စာထိုင်ဖတ်နေသော ဝမ်ရိပေါ် ခေါ်သံတစ်ခုကြောင့် ပြန်ထူးလိုက်မိသည်...။
ထူးသံအရင်ပေးလိုက်ပြီးမှ လှည့်ကြည့်လိုက်တော့ အတန်းထဲက သူနဲ့ဝါသနာတူသူငယ်ချင်းကြီး ဟန်ရှင်းဖြစ်နေလေရဲ့...။
" ငါ မင်းကိုလိုက်ရှာနေတာ "
" ဘာကိစ္စရှိလို့လဲ "
" အော် ဟိုနေ့က ငြားထားတဲ့ စာအုပ်တြွေပန်ပေးမလို့ပါ "
" ဟင် ပြီးသွားပြီလား မြန်လိုက်တာ "
" ဇာတ်လမ်းကကောင်းတော့ ငါပါအဲ့ထဲရောက်သွားသလိုပါဘဲကွာ ဖတ်လိုက်တာခနဘဲ "
ဟန်ရှင်းရဲ့ အပြောကို သူသဘောတကျရယ်လိုက်မိပါရဲ့......။
" ဟားးးဟားးးမင်းကတော့ ပြောတော့မယ် "
" တကယ်ဟ မင်းရောမကြိုက်ဘူးလား "
" ကြိုက်ပါတယ် ဇာတ်လမ်း အစ၊အလယ်၊အဆုံး အကုန်ထိမိတယ် အရေးအသားကလဲ ကောင်းတော့ ပိုတောင်ဇာတ်အိမ်လှသွားသေး "
" အွန်း အားကျလိုက်တာ ငါလဲစာရေးဆရာတစ်ယောက်ဖြစ်ချင်လိုက်တာ ပြောသာပြောရတယ် တကယ်တမ်း မလွယ်ကူဘူး "
" ဘယ်လွယ်လိမ့်မလဲ "
" မင်းပြောကြည့် ဇာတ်လမ်းတစ်ခုမှာ ဘာကအဓိကကျလဲ "
ဟန်ရှင်းအမေးကြောင့် သူတစ်ချက်စဉ်းစားရင်း....
" ဇာတ်သိမ်း "
" ဟမ် ဇာတ်သိမ်း ဘာလို့လဲ "
" ငါ့အတွေးပေါ့ လူတိုင်းတော့မတူနိုင်လောက်ဘူး ဇာတ်လမ်းတစ်ခုမှာ ဇာတ်သိမ်းကအရေးပါသလို အရမ်းလဲအရေးကြီးတယ်လို့ထင်တယ် ဇာတ်လမ်းအစ၊အလယ် ဘယ်လောက်ပဲကောင်းခဲ့ကောင်းခဲ့ အဆုံးသတ် ဇာတ်သိမ်းမှာ မှပေါ့သွားရင် အဲ့ဒီဇာတ်လမ်းတစ်ခုလုံးက စာဖတ်သူတွေရဲ့ ရင်ထဲမှာစွဲကျန်နေမယ်လို့ ငါတော့မထင်ဘူး နှာခေါင်းပဲရှုံ့သွားကြလိမ့်မယ် ဥပမာ..ဇာတ်လမ်းကြီးကဘယ်လိုကြီးလဲဆိုပြီး ဝေဖန်ကြလိမ့်မယ် မင်းလဲစာဖတ်သူပဲ
ငါပြောတာ နားလည်မှာပါ... "
YOU ARE READING
ဇာတ်သိမ်းခန်းလေး..
Fanfictionပင်လယ်လို မာယာများစွာဖြင့် ချဥ်းကပ်မိသော်လည်း ပြန်ရလိုက်သည့်အရာတွေဟာ အဖြူထည်လေးရဲ့ရိုးသားခြင်းတွေမို့ ခံစားကြရတဲ့အခါ မာယာများခဲ့သည့် ပင်လယ်သာလျှင် တနင့်တပိုးပါလေ... ပုံကFbကယူသုံးထားတာမို့.. Crdအပြည့်အဝပေးပါတယ်ဗျာ့..