🕊️ဇာတ်သိမ်းခန်းလေး🕊️
" ဇင်းနစ် "
" ဟမ် "
ဖုန်းကြည့်မပျက် အသံပြုရုံထူးလိုက်တာမို့
ရှောင်းမေတစ်ယောက် ဇင်းနစ်ဖုန်းအားဆွဲလုလိုက်သည်...။" ပေးစမ်း အဲ့ဖုန်း "
" ဟာ..ငါဘာလုပ်လို့လဲ "
သူ့လက်ထဲကဖုန်းကိုဆွဲလုလိုက်မှ
ပြူးတူးပြဲတဲမေးလာတဲ့ဇင်းနစ်.." အခု ငါပြောမဲ့စကားကို အလေးနက်ထားနားထောင်စမ်းပါ "
" အာ ဟုတ်ပြီ ဟုတ်ပြီ ပြော ဘာပြောမလို့လဲ "
" အခုတလော ဝမ်ငယ်ဘာတွေလုပ်နေတာလဲဟင် ငါ့ကိုများရှောင်နေတာလား မဖြစ်နိုင်ပါဘူးနော့ "
မျက်နှာလေးငယ်ကာ လာမေးပြီး သူ့ဟာသူပြန်နှစ်သိမ့်နေတဲ့ ရှောင်းမေက်ုကြည့်ကာ ဇင်းမရယ်နိုင်ပါ....
" ငါမသိဘူး "
ဇင်းနစ်၏ပြန်ဖြေပုံကြောင့်
လူမှာ အောင့်သပ်သပ် နိုင်လှသည်....။" နင်က ဝမ်ငယ်နဲ့တစ်အိမ်ထဲနေတာပဲ လုပ်စမ်းပါ ငါ့ကိုပြောပြစမ်းပါ ဝမ်ငယ် ဘာတွေလုပ်နေတာလဲဟင် "
" ကျစ်....မသိပါဘူးဆိုဟာ သိချင်ရင် နင့်ဟာနင်သွားမေးလေ ဝမ်လေးအကြောင်းကိုနင်ပဲစိတ်ဝင်စားနေတာ ငါကစိတ်မဝင်စားတဲ့တွက်မသိဘူး သိလဲမသိချင်ဘူး... "
" စိတ်မဝင်စားလို့ရမလား ဝမ်ငယ်ကငါ့ရဲ့အနာဂတ်သတိုးသားလောင်းလေးလေ နင်ကတော့ ပြောနိုင်တာပေါ့ ငါ့မှာတော့ရင်တွေပူလိုက်ရတာ ဝမ်ငယ်များရည်းစားတွေဘာတွေရရင် ငါရင်ကွဲမှာ "
ရှောင်မေကတော့ ပြုံးဖြဲဖြဲနဲ့စနေသလောက် ဇင်းနစ်မှာတော့ ဒေါသတွေရောနာကျင်မှုတွေပါရောစပ်လို့....။
" နင်ပါးစပ်ပိတ်ထားလိုက်တော့ "
" ဘာလို့လဲပြောတော့ မပိတ်နိုင်ပါဘူး ဘာလဲနင်ကငါ့ကိုဝမ်ငယ်နဲ့သဘောမတူဘူးဆိုတဲ့သဘောလား...နင်သဘောမတူလဲငါကရအောင်ယူမှာ ဟီးးးး... "
ရယ်မောကာ ချစ်စဖွယ်ပုံစံလေးနဲ့ပြောလာတဲ့ ရှောင်းမေကိုကြည့်ကာ သူမကြည်နူးနိုင်ပါ...
ဘာလို့ဆို သူမမျက်နှာပေါ်ကအပြုံးလေးတွေက သူ့အတွက်မှမဟုတ်တာ....။

ESTÁS LEYENDO
ဇာတ်သိမ်းခန်းလေး..
Fanficပင်လယ်လို မာယာများစွာဖြင့် ချဥ်းကပ်မိသော်လည်း ပြန်ရလိုက်သည့်အရာတွေဟာ အဖြူထည်လေးရဲ့ရိုးသားခြင်းတွေမို့ ခံစားကြရတဲ့အခါ မာယာများခဲ့သည့် ပင်လယ်သာလျှင် တနင့်တပိုးပါလေ... ပုံကFbကယူသုံးထားတာမို့.. Crdအပြည့်အဝပေးပါတယ်ဗျာ့..