🕊️ဇာတ်သိမ်းခန်းလေး🕊️
ဇင်းနစ် ပါးကိုကြိုပြီး ပြန်လာတဲ့
အပြန်လမ်းတစ်လျှောက်လုံး
သူနဲ့ရှောင်းမေအကြောင်းကိုတွေးကာ
ပြုံးနေမိသည်...။ထိုနေ့ကိုသူမှတ်မိသေးတာပေါ့
ဘယ်တော့မှမမေ့နိုင်တဲ့နေ့ရက်လေး
ဝမ်လေးထွက်သွားတဲ့အချိန်..
သူရှောင်ကျန့်ကိုလိုက်ရှာတဲ့အခါ
မထင်မှတ်ပဲ ရှောင်ကျန့်နဲ့သူ
ပြောတဲ့စကားတွေအားလုံးကို
ရှောင်းမေကြားသွားခဲ့တဲ့နေ့ကပေါ့...။ထိုနေ့က...
" ငါဝမ်လေးကိုသွားရှာမယ်
နင်ကတော့ နင့်လုပ်ရက်တွေကြောင့်
ပျော်နေတယ်မို့လား
အေးး အခုနင်ဖြစ်စေချင်သလို
ဖြစ်သွားခဲ့ပြီမို့ အားရပါးရ
ပျော်နေခဲ့လိုက်..
ဝမ်လေးကိုသာပြန်တွေ့ခဲ့ရင်
နင့်တို့စီကို ငါပြန်ပေးမှာ
မဟုတ်တော့ဘူး
နင်တို့ရဲ့တစ်ကိုယ်ကောင်းဆန်
မှုတွေကြောင့် ငါဝမ်လေးကို
ထပ်ပြီးမနာကျင်စေချင်တော့တာမို့
ငါ့အတွက်လဲ အရေးကြီးတာမို့.. "ရှောင်ကျန့်ထိုသို့ပြောပြီး
ထွက်သွားသည်..
သူနောက်ကလိုက်ရန်ပြင်နေစဥ်မှာပင်
သူ့ရှေ့သို့ပေါ်လာတဲ့..ရှောင်းမေ..။" ဇင်း.. "
စိုရိမ်မှု၊မယုံကြည်မှုတိုနဲ့အတူ
စိုးရွံ့စွာခေါ်လာတဲ့
ရှောင်းမေရဲ့အသံလေးက
တုန်ရီလျှက်...။" တ..တကယ်ပဲ ဝမ်ငယ့်ကို "
" မဟုတ်ဘူး ငါ ငါရှင်းပြတာ
နားထောင်ပါအုံး ငါ ငါလေ.. "မျက်ရည်တွေကျနေပြီဖြစ်တဲ့
ရှောင်းမေကြောင့်
ဇင်းနစ်ပြာယာခက်သွားရသည်..။" ဘာလို့လဲ! ဘာလို့လဲ မေရာ
မငိုပါနဲ့နော် ငါ..ငါတောင်းပန်ပါတယ်
ငါဝမ်လေးကိုရအောင်ရှာပေးမှာနော်
နင်စိတ်မပူနဲ့နော်...
ငါ့ ငါ့ကိုမမုန်းပါနဲ့
ငါတကယ်နင့်ကိုချစ်လို့ပါ..
ငါ...အင့် "ပြာယာခက်စွာ ရေပက်မဝင်
ရှင်းပြနေသည့် သူ့ကို
ရှောင်းမေက တင်းကျပ်စွာ
ဖင်တွယ်လာသည်...။" ငါလဲနင့်ကိုချစ်တယ် ဇင်း ဟင့်.. "
" ဟင်! "
![](https://img.wattpad.com/cover/328119363-288-k869394.jpg)
YOU ARE READING
ဇာတ်သိမ်းခန်းလေး..
Fanfictionပင်လယ်လို မာယာများစွာဖြင့် ချဥ်းကပ်မိသော်လည်း ပြန်ရလိုက်သည့်အရာတွေဟာ အဖြူထည်လေးရဲ့ရိုးသားခြင်းတွေမို့ ခံစားကြရတဲ့အခါ မာယာများခဲ့သည့် ပင်လယ်သာလျှင် တနင့်တပိုးပါလေ... ပုံကFbကယူသုံးထားတာမို့.. Crdအပြည့်အဝပေးပါတယ်ဗျာ့..