🕊️ဇာတ်သိမ်းခန်းလေး🕊️
" ဝေ့ ရိပေါ် "
ကျောင်းထဲခေါင်းငုံပြီးလျှောက်လာရင်း ခေါ်သံကြောင့် နောက်သို့လှည့်ကြည့်လိုက်တော့ စစ်ကျွေးဖြစ်နေသည်.....။
" မင်းကအစောကြီးရောက်နေတာလား မိုးရွာတော့မှာပဲ "
" အေး မိုးရွာမှာတော့အသေအချာပဲ ဘာလို့ဆို မင်းလက်ထဲစာအုပ်မတွေ့ရလို့ "
စစ်ကျွေးအပြောကြောင့် ရိပေါ်ခွီးခနဲထရယ်မိသွားကာ....။
" လွယ်အိတ်ထဲမှာဟ ဟိုတစ်ခါငါစာဖတ်ရင်းလမ်းလျှောက်တာလေ ခလုတ်တိုက်မိပါလေရော တော်တော်အီသွားတာကွာ အဲ့ကထဲကလက်ထဲမကိုင်တော့တာ တော်ကြာဖတ်မိနေမှာမို့ "
" ကောင်းတယ် အဲ့လိုဖြစ်သင့်တာ သွားကျိုးမသွားတာကံကောင်းတယ်မှတ် အဲ့ဝတ္ထုတွေအတော်လောက်ဖတ် မင်းမျက်မှန် ပိုထူလာမယ် "
စစ်ကျွေးကိုမကြည်စွာ တစ်ချက်ကြည့်ရင်း ကော်ဖီတစ်ခွက်လှမ်းမှာလိုက်တော့သည်...။
" ဟ ငါကအကောင်းပြောတာ ကျောင်းစာလဲလုပ်ရ အဲ့ဟာတွေရောဆိုတော့ မင်းမျက်လုံးကခံနိုင်ပါတော့မလား "
" မတက်နိုင်ဘူး ငါကိုကဝါသနာပါနေတာကြီးကို ပြီးတော့ငါ့ရဲ့အိမ်မက်ကိုလဲမင်းသိနေတာဘဲလေ "
" အေးပါ အေးပါ "
ပြောလို့မရမဲ့အတူတူ ပြောမနေချင်တော့ပါဘူး......။
ရိပေါ်နဲ့စစ်ကျွေးက အလယ်တန်းလောက်ကထဲခင်ခဲ့ကြတာ အပေါင်းသင်းအများကြီးမထားတက်တဲ့သူတွေမို့ သူငယ်ချင်းဆိုလို့သူတို့နှစ်ယောက်ထဲသာရှိသည်...။
ရိပေါ်အကြောင်းကိုသူအသိဆုံး ရိပေါ်ဟာအနေတည်လွန်းတာမို့ မသိသူအများကဖြင့် မာနပြီးပြီးဘဝင်မြင့်တယ်ဟုထင်ကောင်းထင်လိမ့်မည် သို့သော် ရိပေါ်ဟာ နွေးထွေးကြင်နာတက်တဲ့သူတစ်ယောက်ပါ ခပ်အေးအေးနေတက်ပေမဲ့ လူတစ်ဖက်သားကိုတော့အလွန် ဂရုစိုက်တက်တာ...သို့ပေမဲ့သူ့ရဲ့စိတ်ရင်းကိုအပြင်သို့ထုတ်ပေါ်မပြတက်ပေ...ထိုအရာတွေကိုဘယ်သူမှမသိရင်တောင် စစ်ကျွေးကတော့ တစ်ဦးထဲသော သူငယ်ချင်းမို့ ကောင်းကောင်းသိသည်....။
YOU ARE READING
ဇာတ်သိမ်းခန်းလေး..
Fanfictionပင်လယ်လို မာယာများစွာဖြင့် ချဥ်းကပ်မိသော်လည်း ပြန်ရလိုက်သည့်အရာတွေဟာ အဖြူထည်လေးရဲ့ရိုးသားခြင်းတွေမို့ ခံစားကြရတဲ့အခါ မာယာများခဲ့သည့် ပင်လယ်သာလျှင် တနင့်တပိုးပါလေ... ပုံကFbကယူသုံးထားတာမို့.. Crdအပြည့်အဝပေးပါတယ်ဗျာ့..