Ep>>15..Uni

957 40 1
                                    

🕊️ဇာတ်သိမ်းခန်းလေး🕊️

            💥🔞💥

ဝမ်လေးချိန်းသောနေရာသို့
ရှောင်ကျန့်ကြိုရောက်နေပြီဖြစ်သည်..
စိတ်တွေမှာလဲမတည်မငြိမ်ဖြစ်နေတာမို့
ခပ်စောစောပဲထွက်ခဲ့မိတယ်....။

ထိုနေရာက
စားသောက်ဆိုင်နဲ့တည်းခိုခန်း
တွဲဖွင့်ထားသောနေရာပင်ဖြစ်သည်.။

အောက်ထပ်တွင် စားသောက်ဆိုင်
ဖွင့်လှစ်ထားခြင်းပင်....

ဒီကိုမလာခင်
သူအများကြီးပြင်ဆင်ခဲ့တယ်
အခုလဲ ကိုယ်ကိုကိုယ်ပြန်ကြည့်ရင်း
စိတ်ကျေနပ်မှုရသည်အထိ
ပြင်ဆင်နေတုန်း...။

ဘာရယ်ကြောင့်မှန်းမသိ
အခုခံစားချက်လေးက
တော်တော်လေးကြည်နူးဖို့ကောင်းလှသည်..။

သူထိုင်စောင့်နေတုန်း
အနားသို့ဆိုင်ဝန်ထမ်းတစ်ယောက်
ရောက်လာ၍စားပွဲပေါ်သို့
ဝိုင်တစ်ခွက်လာချပေးတာကြောင့်
ရှောင်ကျန့်ကြောင်သွားရသည်...။

" ဒါကို ကျွန်တော်မှာ မထားမိပါဘူး "

" ဟုတ်ကဲ့ ဝန်ဆောင်မှုတစ်ခုလို့
သက်မှတ် လို့ရပါတယ် "

" အော် "

မျက်ခုံးနှစ်ဖက်ကိုပင့်ကာ
အော် ဟုတစ်လုံးသာပြောလိုက်မိပါရဲ့...။

" ကောင်းကောင်း သုံးဆောင်ပါဗျာ့ "

ခပ်ပြုံးပြုံးဆိုလာသော
ထိုကောင်လေးကြောင့် ရှောင်ကျန့်
ထိုဝိုင်ခွက်ကို
လှမ်းယူလိုက်ကာ...။

နှုတ်ခမ်း၌တေ့ကာ တစ်ငုံသောက်အပြီး
ဘေးတွင်အခုထိတိုင်လာရပ်နေသော
ဝန်ထမ်းကောင်လေးကို
ခေါင်းငြိမ့်ပြလိုက်တယ်...
ထိုကောင်လေးကလဲ ခပ်ပြုံးပြုံးပင်
ပြန်ထွက်သွားလေရဲ့  ဘာလားး...။

" အရသာကတော့ မဆိုးဘူးပဲ "

တကယ်ကို သောက်၍
အဆင်ပြေတာမို့ ရှောင်ကျန့်
တစ်ခွက်လုံး အကုန်မော့ချလိုက်တော့သည်...။

" ဝမ်လေးကလဲ ခုထိမလာသေးဘူး "

စားစရာတွေပင်ကြိုမှာထားပြီးနေပြီမို့
ဖုန်းလေးကိုကောက်ကိုင်ကာ
ဝမ်လေးစီသို့....

ဇာတ်သိမ်းခန်းလေး..Where stories live. Discover now