မိုးသံတို့ကတသည်းသည်း
ကြီးမားသောအိပ်ရာခင်းအဖြူပေါ်တွင်သက်လတ်ပိုင်းမိန်းကလေးတစ်ဦးဟာရုန်းကန်လျက် ၊
တဖြည်းဖြည်းနဲ့ကြားနေရတဲ့အေးစက်စက်အသံတွေ ၊ ခွေးအူသံအပြင်တစ်ခုခုကိုပွတ်ဆွဲနေတဲ့သံထည်တစ်ခု ၊
"အား!! "
အော်သံအဆုံးမှာ မိုးကာ၀တ်ထားတဲ့ ဆံပင်အရှည်နဲ့အမျိုးသားရဲဲ့ မျက်နှာအပေါ်သွေးစက်တွေစင်သွားသည် ။ သွေးစက်တွေကို လက်နဲ့တစ်ချက်သုတ်ပြီး မိန်းကလေးရဲ့လည်ပင်းပေါ်မှာစိုက်နေတဲ့ ပုဆိန်ကိုဆွဲနှုတ်လိုက်သည် ၊ လည်ပင်းပေါ်က ပုဆိန်ခုတ်ရာကနေ သွေးတွေ အိပ်ယာပေါ် ဒလဟော စီးကျကုန်ပြီ ၊ မနေ့ညကလဲခဲ့တဲ့ ဖြူစွတ်နေတဲ့ အိပ်ယာခင်းလေးဟာ သွေးတွေကြောင့်ချင်းချင်းရဲ ။
"ကျစ်! မနေ့ညကမှလဲထားတာကို ဒီလိုသာဆို အိပ်ယာခင်းဖိုးနဲ့ မွဲမဲ့သဘောရှိတယ် ၊ နောက်ဆို ကြမ်းပြင်ပေါ်မှာပဲ ပလတ်စတစ်ခင်းပြီး လုပ်ရတော့မဲ့ပုံ "
အလောင်းကိုသေချာထုပ်ပိုးပြီး လမ်းဆုံတစ်ခုမှာ သွားပစ်ထားသည် ၊ အိပ်ယာခင်းကိုတော့ မီးလင်းဖိုထဲထည့်လိုက်ပြီ ၊ ကြမ်းပြင်ပေါ်စီးမကျကုန်တာ တော်ပါသေးရဲ့။
ထိုအမျိုးသားကကိုယ်လက်သန့်စင်ပြီး လသာဆောင်မှာ စိတ်အေးလက်အေး လေညှင်းထွက်ခံနေလိုက်သည် ၊ တိတ်ဆိတ်နေတဲ့ညအချိန်မှာတိုက်ခတ်လာတဲ့ လေပြေက သူ့စိတ်ကိုအေးချမ်းစေတယ် ၊
"မနက်ကြရင် သတင်းခေါင်းစဥ်မှာ ဒီအကြောင်းပါလာတော့မှာပဲ ဟက်!"ဆံပင်အရှည်နဲ့အမျိုးသားတစ်ဦးသည် မီးရဲနေတဲ့ ဆေးလိပ်တိုကို လက်ကြားညှပ်လို့ မိုးရေစက်တွေကြား ပြုံးနေခဲ့ပါ၏။
5 / November / 2022
_______
YOU ARE READING
You Lie | Completed
FanfictionHyunlix story ; written in Burmese ᡣ𐭩 A serial killer and a hair stylist .