Chp.16

350 39 0
                                    

ဒီတစ်ကြိမ် အလုပ်အပြန်လမ်းသည် တိတ်ဆိတ်လှသည်ဟု Yongbok ထင်မိ၏။ Hwang က သူ့ကို ဘာမှန်းမသိ စကားလည်းတစ်ခွန်းမှမပြော ၊ နေ့လည်ထမင်းစားချိန်ကတောင် ထမင်းဘူး ကိုယ်တိုင်ကိုယ်ကြ လာပေးပြီး တီတီတာတာတွေ ပြောသွားသေးသည် ၊ အခုတော့ ဘာစကားမှမပြော ၊ ဒီကလေးကြီး ဘာဖြစ်နေတာတုန်း~!

Hyunjin သည် စိတ်ကောက်နေသည်ကို သိစေရန် Yongbok ကို စကားမပြော ၊ မနက်က ချောကလက်ဖျော်ပေးတုန်းက ကိစ္စရော ၊ နေ့လည် ထမင်းဘူး ကိစ္စကိုရော သူစိတ်ကောက်နေသည် ၊ နေ့လည်ကလည်း ကိုယ်က သူ ထမင်းဘူးတွေ ၀ယ်စားနေရတာကို မကြည့်ရက်လို့ ကိုယ်တိုင်ကိုယ်ကြ ထမင်းဘူးလေး သွားပေးတာကို ၊ 'အလကား အလုပ်ရှုပ်ခံလို့'တဲ့လေ ၊ အသည်းနှလုံးမရှိတဲ့ ကြက်ပေါက်စ!

မည်မျှပင် စိတ်ကောက်နေပါစေ ပန်းထက်ပိုလှတဲ့ သူ့အသက်ဓာတ်လေးရဲ့ လက်လေးကို ဆောင်းရာသီရဲ့ အအေးဒဏ်ကနေ ကာကွယ်ဖို့ Hyunjin မမေ့ ၊ အသက်ဓာတ်ကလေးရဲ့ လက်သေးသေးလေး တစ်ဖက်ကို သူ့အင်္ကျီ အိတ်ကပ်ထဲ ထည့်လို့ လမ်းလျှောက်လာခဲ့သည် ၊ စကားတော့ တစ်ခွန်းမှမပြော ၊
________

"နေ့လည်က ထမင်းဘူးက အရသာရှိတယ် ၊ ကျေးဇူးတင်ပါတယ် Hyunjin shii"

"အင်း"

အပေါ်၀တ် long coat ကို ချွတ်လို့ ဆိုဖာပေါ် ခြေတစ်ချောင်းချိတ် ထိုင်နေသူသည် သူ့ကို 'အင်း' ဟု၍သာ တုံ့ပြန်သံပေးလို့ စာအုပ်ကို ထိုင်ဖတ်နေသည် ။

Yongbok တစ်ကယ် သည်းမခံနိုင်တော့ ၊ ဒီကလေးဆိုးကြီးက တစ်ကယ်ပဲ
ဘာကို မကျေမနပ်တွေ ဖြစ်နေရတာလဲ!?

"Hyunjin shii ဘာဖြစ်နေတာလဲ"

"ဘာဖြစ်နေလို့လဲ ကိုယ်က ဒီတိုင်း စာဖတ်နေတာလေ "

"မဟုတ်သေးပါဘူး ၊ စကားလည်းတစ်ခွန်းမှမပြောပဲနဲ့ တစ်ခုခုဖြစ်နေသလိုပဲ ရော်"

"ဘာမှမဖြစ်ပါဘူးဆို!"

"ကျွန်တော့်ကို အော်နေတာလား အခု"

သူ့ဘက်ကို မျက်စောင်းမမည်သော အကြည့်တစ်ခုပို့လို့ မေးချိန်တွင် လေသံကို Hyunjin လျှော့မိသည်

"မဟုတ်ပါဘူး Yongbok ရယ် ၊ ကိုယ်က ဘယ်လိုလုပ် မင်းကို အော်ရက်မှာလဲ"

You Lie | CompletedWhere stories live. Discover now