Chp.10

495 52 4
                                    

"ဖြေးဖြေးသောက်ပါ Yongbok ရယ်"

"ဘာရယ်!ကျွန်တော့်ရည်းစား ဟုတ်လား!"

"အင်းလေ"

"ခင်ဗျားက ဘယ်တုန်းက ကျွန်တော့်ရည်းစား ဖြစ်သွားတာလဲ!?"

"Yongbokie ပဲ မနေ့ညက ကိုယ့်ကို နမ်းပြီးနားမလည် လုပ်တဲ့လူကြီးဆို ၊ အဲ့တော့ ကိုယ်က နမ်းပြီး နားမလည်လုပ်တာမဟုတ်လို့ ရည်းစားတော်လိုက်တာ"

"သြော်..ရည်းစားက အဲ့လိုတော်လည်း ရတာလား"

"ကိုယ် ရည်းစားမတော်ရင် Yongbok က နမ်းပြီးနားမလည်လုပ်တဲ့ လူကြီးလို့ ထပ်ပြောမှာမလား"

"မူးနေလို့ ပြောတာလေ အဲ့တာ"

"ကိုယ်ကတော့ အတည်ပဲယူတယ်"

"ဟာ!ခင်ဗျား"

"အလကားပြောတာ ၊ ကဲ!စားစရာရှိတာ မြန်မြန်စား ၊ ပြီးရင် အိမ်လိုက်ပို့ပေးမယ်"
_____

ဆောင်းရောက်လာပြီမလို့ မနက်ခင်း ရာသီဥတုက အေးစိမ့်စိမ့် ၊ ဘေးနားက လူက စိတ်အေးလက်အေးနဲ့ လမ်းလျှောက်နေပေမဲ့ Yongbok က တော့ စိတ်မအေးနိုင် ၊ ရှက်လွန်းလို့ ကိုယ့်မျက်နှာကို ဘယ်နားသွားထားရမလဲပင် မသိတော့ ၊ တော်ပြီ နောက်ဘယ်တော့မှ အရက်မသောက်တော့ဘူး~!

"Yongbok!"

"ဟမ်!အင်း ပြောလေ"

"ခေါ်နေတာ ကြာပြီ ဘာတွေတွေးနေတာလဲ"

"ဘာမှမဟုတ်ပါဘူး ဒီတိုင်း"

"ချောကလက်သောက်မလားလို့ အေးနေတာ ဆိုတော့လေ "

"တော်ပြီ မသောက်တော့ဘူး အိမ်ပဲပြန်ချင်တယ် မြန်မြန်သွားရအောင်"

"အေးနေတာကို"

"မအေးပါဘူး သွားရအောင်"

"မင်းလက်ထိပ်လေးတွေတောင်ရဲနေပြီ ၊ ကိုယ့်ကို မင်းလက်ပေး"

လက်ကို ဖြန့်လို့ ဆိုလာသူကြောင့် Yongbok လက်ကို လှမ်းပေးမိသည် ၊
Hwang က သူ့လက်ကို တယုတယ ဆုပ်ကိုင်လို့ သူ့အိတ်ကပ်ထဲကို ထည့်လိုက်သည်် ၊

"နွေးတယ်မလား"

"အွန်း"

"မင်းလက်ကလေးတွေကိုလေ ဆုပ်ကိုင်ရမှာတောင် ကိုယ့်မှာ မ၀ံ့မရဲ ဖြစ်မိတယ် ၊ ကြွေသွားတော့မယ် အတိုင်းပဲ"

You Lie | CompletedWhere stories live. Discover now