Chp.12

337 41 0
                                    

"Yongbok သိလား ၊ နှင်းဆီခုနစ်ပွင့်ရဲ့ အဓီပ္ပာယ်က နက်ရှိုင်းတဲ့ ချစ်ခြင်းတဲ့"

ခေါင်မိုးထပ်မှာ ထိုင်လို့ ညနေခင်းရဲ့ အလှတရားကို ငေးမောနေတဲ့ Yongbok က Hwang ရဲ့ စကားသံကို ကြားမှ ဆိုင်ကအပြန်လမ်းမှာ သူ့အတွက်၀ယ်ပေးတဲ့ နှင်းဆီတွေကို လှမ်းကြည့်မိသည်။

"အခုမှသိတာ ၊ အစကတောင် တွေးနေသေးတာ တစ်ပွင့်တည်းဆိုလည်း တစ်ပွင့်တည်း ၊ အစည်းလိုက်ဆိုလည်း အစည်းလိုက်ပေါ့ ၊ ဘာလို့ ခုနစ်ပွင့်လာပေးတာလဲဆိုပြီးတော့ ဟက်!"

"ချစ်တယ်"

"အင်း သိတယ်"

လေပြေတွေက Yongbok မျက်နှာနုနုပေါ် တိုက်ခတ်နေတာကိုတောင် Hyunjin သဘောမကျ လေပြေတွေကြောင့် မျက်နှာလေးအေးသွားမှာကိုပင် သူ့မှာ စိုးရိမ်ရပါသည်။

"ဒီနေ့အတွက်လည်း ချစ်တယ် ၊ မနက်ဖြန်အတွက်လည်း ချစ်မယ် ၊ ချစ်လို့ရတဲ့အထိ ဆက်ချစ်မယ်"

"Hyunjin shii ချစ်တာကို ကျွန်တော် သိပါတယ် ၊ ယုံလည်းယုံပါတယ် ၊ ထပ်တူတဲ့ ခံစားချက်မျိုး ပြန်မပေးနိုင်လို့လည်း အားနာရပါတယ်"

"ရပါတယ် Yongbokie ရဲ့ ၊ ယုံပေးတာကိုပဲ ကိုယ်က ကျေးဇူးတင်လှပြီ ၊ ခြေလှမ်းပေါင်း 1000 ရှိတယ်ဆိုရင်တောင် ကိုယ်က 999 လှမ်း,လှမ်းလာပေးမှာမလို့ Yongbok က တစ်လှမ်းပဲ တိုးလာပေးရင် ရပြီ"

"ကျွန်တော့်ကို စိတ်ရှည်ရှည်နဲ့ စောင့်ပေးရင် ကောင်းမှာပဲ ၊ ဘယ်လောက်ကြာမယ်မှန်း မသိပေမဲ့ စောင့်နေပေးရင် ကျွန်တော်က သေချာပေါက် ရှေ့တိုးလာပါ့မယ်"

"Yongbok သိလား မင်းက သိပ်လှတယ် Art Museum မှာတောင် ရှိနေသင့်တယ်"

ဘေးလူတွေ ပိုတယ်ထင်ရင်လည်း ထင်ပါစေတော့ ၊ သူ့မျက်စိထဲမှာတော့ Yongbok ထက် လှတဲ့ လူရယ်လို့ ရှိလာမယ်မထင် ၊ မျက်ဆံအနက်ကလေးတွေက တစ်ချိန်လုံး ငေးကြည့်နေရင်တောင် ရိုးမသွားနိုင် ၊ ပါးပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ freckles လေးတွေက ကြယ်တွေထက်တောင် ပိုလှသေးတယ် ၊ နှာခေါင်းလုံးလုံးလေး ၊ ပြီးတော့ နှုတ်ခမ်းဖူးဖူးလေး၊ လက်သေးသေးလေးတွေ ကို Hyunjin တစ်ဘ၀လုံး ဆုပ်ကိုင်လို့ ကာကွယ်ပေးသွားချင်သည် ၊ ညတိုင်း ကိုယ်လုံးသေးသေးလေးကို သူ့ကိုယ်လုံးထဲမြုပ်နေအောင် ဖက်ထားပြီးအိပ်စက်ရရင် အိမ်မက်ဆိုးတွေနဲ့ညတွေ Hwang Hyunjin တို့ ဘ၀မှာ ထပ်ရှိလာတော့မည် မဟုတ် ၊

You Lie | CompletedWhere stories live. Discover now