ဆောင်းရာသီရဲ့ ညဘက်ဖြစ်တာကြောင့် အအေးဓာတ်က ပိုသည် ။
နှင်းတွေလည်းကျနေသည် ၊ အနီးက ဘုရားကျောင်းဆီက သီချင်းသံကိုလည်း ကြားနေရသည် ။
ခပ်အေးအေးရာသီဥတုကြောင့် နို့နှစ်ရောင်ဆွယ်တာလေးကို ထုတ်ဝတ်မိသည် ။
ဆွယ်တာကတော့ တစ်ယောက်သောသူရဲ့ အငွေ့အသက်တွေ ရစ်သိုင်းထားတုန်း ။
ဒီဆွယ်တာကို ဝတ်လိုက်တိုင်း Hyunjin ဆီက ပွေ့ဖက်မှုကို သူခံစားရသည် ၊ ဒါကြောင့်လည်း Hyunjin အနားမှာ မရှိတိုင်း ဒီဆွယ်တာလေးကို အမြဲဝတ်ဖြစ်တာ ။
ပန်းအိုးထဲက ဒေလီယာပန်းလေးတစ်ပွင့်ကို လှမ်းယူမိတော့ အနားက ဓာတ်ပုံဆီ မျက်စိရောက်မိပြန်သည် ။
သူ့ကိုရင်ခွင်ထဲလို့ ပြုံးနေသည့် အမျိုးသားကို မြင်တိုင်း ငိုချင်တဲ့စိတ်ကြီးက ဘယ်လိုမှ ဖျောက်မရ ။
ကျလုဆဲဆဲ မျက်ရည်တွေကို သုတ်ပစ်လိုက်ရင်း အိမ်ပြင်ကို မျက်နှာမူလိုက်သည် ။
"ငိုနေပြန်ပြီလား"
စကားသံနဲ့အတူ ဆွဲဖက်ခံလိုက်ရသည့် ခန္ဓာကိုယ်သေးသေးလေး ၊ ပုခုံးပေါ် မေးဖျားကိုတင်လို့ ခါးကိုရစ်သိုင်းလာသည့် လက်တွေ ။
"နိုးလာပြီလား ၊ ညတောင်ရောက်နေပြီ"
"မေးတာလည်းမဖြေဘူး"
ကလေးတွေစိတ်ကောက်သလို မျက်နှာမျိုးလုပ်နေမယ်မှန်း Yongbok လှည့်မကြည့်ပဲတောင် မြင်နေရသည် ။
"မငိုပါဘူး ငိုစရာလား"
"ငိုနေပါတယ်"
စိတ်ကောက်ပြီး ပြောလာတဲ့ အသံလေးကို အသည်းယားလွန်းလို့ လက်မောင်းတွေကိုချည်းကိုက်ပစ်ချင်တာ အရမ်း ။
"ဗိုက်ဆာနေမှာပဲ ဘာစားချင်လဲ"
"Brownie !"
"အိုခေ!စောင့်နေ လုပ်လာခဲ့မယ် ၊ မကြာစေရဘူး"
ခါးပေါ်က လက်တွေကို ဖြုတ်ချလိုက်သောငြား လက်တွေက ပိုပြီးတင်းကျပ်လာသည်် ။
"လွှတ်ဦးလေ ဒီလိုကြီးဖက်ထားတော့ ဘယ်လိုလုပ်မလဲ"
"မသွားနဲ့တော့ မလွှတ်ပေးချင်တော့ဘူး"
YOU ARE READING
You Lie | Completed
FanfictionHyunlix story ; written in Burmese ᡣ𐭩 A serial killer and a hair stylist .