Chp.25

482 47 4
                                    

နေရောင်ခြည်စူးစူးက မျက်နှာပေါ်ကျလာရောက်လာတာကြောင့် Yongbok နိုးလာရသည် ၊ အရင်လို နိုးနိုးချင်း တိုးဝင်လို့ရမဲ့ ရင်ခွယ်ကျယ်ကြီးတော့ Yongbokဘေးနားမှာ မရှိတော့။

မနက်စာ,စားဖို့ ထမင်းစားပွဲမှာ ထိုင်လိုက်ရပေမဲ့ Yongbok စားချင်စိတ်မရှိ ၊ တိတ်ဆိတ်ခြင်းတွေနဲ့အထီးကျန်ခြင်းတွေ အပြည့်ဖြည့်ထားတဲ့ ထမင်းစားပွဲမှာ ထိုင်ဖို့ကို Yongbok အတော်သတ္တိမွေးခဲ့ရသည် ၊

အေးစိမ့်နေတဲ့ မနက်ခင်းကို ချောကလက်ပူပူလေးတစ်ခွက်နဲ့ စတင်ဖို့ တွေးမိတော့ ကိုယ်တိုင်ကိုယ်ကျ ဖျော်ပေးလို့ အပူမလောင်အောင် မှုတ်ပေးခဲ့သူကိုပါ တစ်ဆက်တည်းတွေးမိပြန်သည်။

"ဘယ်မှာများ ဘာတွေလုပ်နေမလဲနော်"

Yongbok ခပ်တိုးတိုးရေရွတ်မိ၏၊ သူ့ကို'နေရောင်ခြည်'တွေနဲ့တူသည်လို့ ပြုံး၍ ပြောခဲ့သူသည် လရောင်အေးမြမြမှာပဲ နေပျော်နေပြီလား

"ဘာတွေလျှောက်တွေးနေတာလဲ Yongbok Hwang က ပြန်လာမှာပါ ၊ ပြန်လာမယ် လို့ ပြောခဲ့တာပဲလေ သေချာပေါက် ပြန်လာမှာပေါ့"

ကတိတစ်ခွန်းကို လွယ်လွယ်နဲ့ပေးတတ်သူမဟုတ်သလို သူ့ကို ဒီတိုင်းတစ်ယောက်တည်း ထားခဲ့မဲ့ သူလည်း မဟုတ်တာကို Yongbok ယုံကြည်သည်
သို့သော် ကံကြမ္မာကို အယုံအကြည်မရှိ

နာရီကို ကြည့်မိတော့ အလုပ်သွားရမဲ့အချိန်နီးနေပြီမလို့ အမြန်ပြင်ဆင်ပြီး ထွက်လာခဲ့သည်။

"ကျွန်တော် သွားတော့မယ်နော် ၊ ချစ်တယ်"

Hwang ရဲ့ ဓာတ်ပုံကို ကြည့်ပြီး Yongbok ပြောလိုက်ခြင်းဖြစ်သည်။
_____

ဆိုးလ်မြို့နဲ့လမ်းမတွေသည် ဤမျှပင်အေးပါရောလား

လက်ဖျားလေးတွေ အေးစက်လို့ ထုံကျဥ်လာတော့ အကျီအိတ်ကပ်ထဲကို လက်တစ်ဖက်ထည့်လို့ အနွေးဓာတ်ပေးခဲ့သူကို သတိရမိပြန်သည်၊

မေပယ်လ်ရွက်တွေက လမ်းမပေါ်မှာ ဟိုတစ်စဒီတစ်စ ၊ သူတို့ စတွေ့ခဲ့တဲ့ နေ့တုန်းကလည်း မေပယ်လ်ရွက်တွေ လမ်းမထက်မှာ ပြန့်ကျဲနေခဲ့တာပဲလေ။
_____

"အေးအေးချမ်းချမ်း နေရစ်ခဲ့ပါဗျ"

အလုပ်ဆိုင်အပြန်လမ်းက ကော်ဖီဆိုင်လေးကိုမြင်တော့ လက်ချောင်းရှည်သွယ်သွယ်တွေဆီက ရခဲ့တဲ့ ချောကလက်ပူပူလေးတစ်ခွက်ကို သတိရမိပြန်သည် ၊

You Lie | CompletedWhere stories live. Discover now