Chp.2

707 63 1
                                    

Hyunjin မှန်ထဲက ကိုယ့်မျက်နှာကိုယ် သဘောမကျ ၊ ဆံပင်တွေက ရှည်နေတာများ လည်ပင်းက တက်တူးကိုပါ ဖုံးနေပြီ ။

"ဒီနေ့တော့ အပြင်မထွက်ဖြစ်တာလည်း ကြာပြီဆိုတော့ အပြင်ထွက်ပြီး ၀ယ်စရာရှိတာ၀ယ်ရမယ် အင်း..ဆံပင်လည်းညှပ်ရမယ်"

"ဟိုးတစ်နေ့က ဆိုင်ကယ်နဲ့တိုက်မိမလို ဖြစ်သွားတဲ့ ကောင်လေးနဲ့လည်း ပြန်ဆုံရင်​ကောင်းမယ်"

Hyunji ကိုယ်လက်သန့်စင်ပြီး ပေါ့ပေါ့ပါးပါး အ၀တ်တစ်စုံပဲကောက်၀တ်ပြီး အပြင်ကိုထွက်လာလိုက်သည် ၊ လည်ပင်းကိုလည်းဖုံးထားဖို့လည်းမမေ့ ၊
________
Yongbok ဒီဆိုင်မှာ အလုပ်လုပ်တာ ၃လပြည့်ပြီ ၊ ၃လအတွင်းမှာ သင်စရာရှိတာတွေလည်း အများကြီးသင်ခဲ့ရပြီ ၊ ပိုက်ဆံလည်း သေချာစုမိတယ် ၊ နောက်၂လလောက်ဆိုရင် လက်ရှိနေ,နေတဲ့ အခန်းထက်ပိုကျယ်တဲ့ နေရာကို ပြောင်းနိုင်မှာသေချာတယ် ။

Yongbok ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်နေတုန်း ဆိုင်ကခေါင်းလောင်းက မြည်လာတာမလို့ ဧည့်သည်ကိုကြိုဆိုရသည်။

"ကြိုဆိုပါတယ်ခင်ဗျ ၊ ဘာများဆောင်ရွက်ပေးရမလဲခင်ဗျ "

"ဆံပင်ညှပ်ချင်တယ်"

"ညှပ်နေကြ Stylist ရှိလားခင်ဗျ ၊ တစ်ခြားရော ဘာလုပ်စရာရှိသေးလဲ ခင်ဗျ"

"မရှိဘူး ၊ ဆံပင်ပဲညှပ်မှာ"

"ဟုတ်ကဲ့ နားလည်ပါပြီခင်ဗျ ၊ waiting room ထဲမှာ ခဏလောက်ထိုင်စောင့်ပေးပါခင်ဗျ"

Hyunjin ၀န်ထမ်းကောင်လေး ပြောတဲ့အတိုင်း ထိုင်စောင့်နေလိုက်သည် ။

ခဏကြာတော့ ထိုကောင်လေးပဲပြန်၀င်လာသည်။

"ဟို Stylist တွေက တစ်ယောက်မှ မအားတာမလို့ ကျွန်တော်ညှပ်ပေးရင် အဆင်ပြေမလားဗျ ကျွန်တော်က ဆံပင်ညှပ်တာကိုတော့ သေချာသင်ထားပြီးပါပြီ ဒါပေမဲ့ တစ်ခါမှတော့ ဧည့်သည်ကို လက်တွေ့ မညှပ်ပေးဖူးသေးဘူးဗျ ၊ အဲ့တာကြောင့် ကျွန်တော်ညှပ်ပေးရင် အဆင်ပြေမလားဗျ "

Yongbok ပြောသာ​ပြောရပေမဲ့ လက်ဖျားတွေပင် အေးစက်နေပြီ ၊ Stylist အစ်မက သူမအားသေးတာမလို့ ညှပ်ပေးဖို့ပြောလာသည်မလို့ Yongbok လာပြောရခြင်းဖြစ်သည် ၊ ဒါကသူ့အတွက် လမ်းစဖြစ်နိုင်တာမလို့ ပျော်ရမည်ဆိုသော်လည်း အခု သူ ပျော်သည်ထက် ကြောက်တဲ့စိတ်က ပိုများနေသည် ၊ သူညှပ်ပေးရမည့်သူရဲ့ မျက်နှာက အရယ်အပြုံးမရှိ ၊ ရေခဲရိုက်ထားတဲ့ မျက်နှာကြီးအတိုင်းပင် ၊ စကားပြောလိုက်ရင်လည်း ဒုံးတိကြီး ၊ ပြီးတော့ လည်ပင်းမှာလည်း မာဖလာကြီးက ပတ်ထားလိုက်သေးသည် အူကြောင်ကြောင်နဲ့ ။

You Lie | CompletedWhere stories live. Discover now