"ငိုမနေပါနဲ့တော့ Jisung ရယ် ၊ မသိရင် မင်းက သားကို ပေးလိုက်ရတဲ့ အဖေကြီး ကြနေတာပဲ"
Yongbok က Jisung တို့ လင်မယား အဲ.. လင်လင်ရယ် ၊ Seungmin တို့ အတွဲရယ်ကို သူ့အိမ်ကိုခေါ်ပြီး လက်ထပ်ပွဲမမည်တဲ့ ပွဲသေးသေးလေးကို ကျင်းပ၏။
"အေးလေ Felix က လက်ထပ်လိုက်တာပါ ၊ သေသွားတာ မဟုတ်ပါဘူး"
Seungmin စကားကြားပြီး Yongbok မှာ သွေးပင်တက်ချင်သွားသည်။
"ငိ!ဘယ်လိုတောင် ပြောလိုက်တာလဲ Seungmin ရာ"
"ငါက အမှန်တိုင်းပြောတာလေ"
"Felix ရေ ခဏ"
"လာပြီ Minho Hyung"
Seungmin နဲ့ စကားပြောနေရင်းက Minho Hyung ရဲ့ ခေါ်သံကို ကြားတာမလို့ Yongbok သွားလိုက်၏။
______"ဘာဖြစ်လို့လဲ Hyung"
"ဒီဆိုင်ကယ်က ဘယ်သူ့ဆိုင်ကယ်လဲ"
Minho ဓာတ်ပုံထဲက ဆိုင်ကယ်ကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။
"သြော်..အဲ့တာက Hwang ရဲ့ ဆိုင်ကယ်လေ အခုတော့ ပြန်ရောင်းလိုက်ပြီ"
"ကြာပြီလား ရောင်းလိုက်တာက"
"ကျွန်တော်နဲ့ မတွေ့ခင်ကဆိုတော့ ကြာပြီပြောရမှာပေါ့ ၊ ဘာဖြစ်လို့လဲ Hyung"
"ဘာမှမဟုတ်ပါဘူး ဒီတိုင်း မေးကြည့်တာပါ ၊ Jisung နဲ့ စကားပြောနေတာမလား သွားလေ"
"ဟုတ်"
သေချာတယ် Hwang Hyunjin က အဲ့ဒီလူပဲ ၊ စ,စတွေ့ကတည်းက ထင်နေခဲ့ပေမဲ့ အခုတော့ 90% လောက် သေချာသွားပြီ။
______*door bell rings*
"ဟော~Hwang ပြန်လာပြီ ထင်တယ် ၊ ငါသွားဖွင့်လိုက်ဦးမယ်"
Jisung က လက်ထပ်ပွဲမဟုတ်ရင်တောင် ကိတ်မုန့်လေးတော့ ခွဲရမှာပေါ့ ဆိုလို့ Yongbok မှာ Hwang ကို ကိတ်မုန့်သွား၀ယ်ခိုင်းရသေးသည် ၊ အဲ့လောက်စားချင်နေရင် မင်းဟာ့မင်း သွား၀ယ်လိုက်ပါလားလို့ ပြောပစ်လိုက်ချင်ပေမဲ့ ၊ ဒီနေ့က သူ့ရဲ့ လက်ထပ်ပွဲ သေးသေးလေးကျင်းပတဲ့နေ့လို့ ပြောလို့ရသည်မလို့ စိတ်ကိုမနည်းလျှော့ပြီး Hwang ကိုပဲ သွား၀ယ်ခိုင်းလိုက်သည် ၊ အမှန်ဆို Yongbok က သူ့သတို့သား အသစ်စက်စက်ကလေးကို ရေတောင်ထသောက်စေချင်တာမဟုတ် ၊
"နည်းနည်း ကြာသွားတယ်နော်"
"မကြာပါဘူး ၊ လာလေ"
Yongbok က Hyunjin ၀ယ်လာတဲ့ ကိတ်မုန့်လေးကို ထမင်းစားပွဲခုံရဲ့အလယ်မှာ ချလိုက်သည် ၊
"လက်ထပ်ပွဲကို ဂုဏ်ပြုပါတယ် Felix ၊ လက်ဆောင်က ငါရော Hyung ရော နှစ်ယောက်ပေါင်းပြီး ပေးတာနော်"
"လက်ထပ်ပွဲကို ဂုဏ်ပြုပါတယ် Felix"
"လက်ဆောင်တွေဘာတွေ မလိုပါဘူး ၊ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် Hyung ၊ ကျေးဇူးတင်ပါတယ် Seungmin"
"ယောကျ်ားရသွားတာကို ဂုဏ်ပြုပါတယ် ငါတို့ Felix လေး ၊ ငါလည်း လက်ဆောင်ကို ကိုကိုနဲ့ ပေါင်းပေးတာနော် ၊ ဒါနဲ့လေ မင်းတို့ နှစ်ယောက် ဘယ်လောက် ချစ်ချစ် ငါနဲ့ ကိုကိုနဲ့ကို မမှီပါဘူး ဟဲဟဲ"
"ယောကျ်ားရသွားတာကို ဂုဏ်ပြု အဲလေ..လက်ထပ်ပွဲကို ဂုဏ်ပြုပါတယ် Felix"
ဂုဏ်ပြုစကားပြောတာကိုတောင် သူ့ကိုကို အကြောင်း ထည့်ပြောသွားတဲ့ Han Jisung ရယ်ပါ ၊
"အေးပါ နောက်တော့မှ အဲ့လူနဲ့ ကွာမယ်ဘာညာဆိုပြီး ငါ့အိမ် ရောက်လာရင်နားရင်းအုပ်မှာနော် Jisung လေး"
"အေး Felix ပြောတာမှန်တယ်"
"ဟင့်!ကိုကို သူတို့ Hannie ကို အနိုင်ကျင့်နေကြတယ်"
Jisung က Minho ရဲ့ လက်မောင်းတစ်ဖက်ပေါ်မှီလို့ ဆို၏။
"လာ Hannie လာ ၊ ကိုကို့ရင်ခွင်ထဲလာ"
လူရှေ့မှာ သဲကဲပြနေတဲ့ ရှေ့နေ Lee Minho ရယ်ပါ
Yongbok နဲ့ Hyunjin ရဲ့ လက်ထပ်ပွဲမမည်တဲ့ ပွဲသေးသေးလေးက စျေးကြီးပစ္စည်းတွေနဲ့ မပြည့်နှက်နေသော်ငြား ၊ ပျော်ရွှင်ခြင်းတွေနဲ့တော့ ပြည့်နှက်နေခဲ့ပါ၏။
______6 / December / 2022
YOU ARE READING
You Lie | Completed
Hayran KurguHyunlix story ; written in Burmese ᡣ𐭩 A serial killer and a hair stylist .