Chp.4

542 62 6
                                    

အင်္ကျီအိတ်ကပ်ထဲ လက်ထည့်လို့ ဆံသဆိုင်နားမှာ ဟိုလျှောက်ဒီလျှောက် လုပ်နေသည့် Hyunjin ကို ဖြတ်သွားဖြတ်လာ အချို့က ကွက်ကြည့်,ကြည့်သွားကြသည်။

မျက်နှာထားကို တင်းပြီး မျက်ခုံးတွေကို တွန့်ချိုးလို့ လည်သာကုတ်အမည်းကြီး ၀တ်ထားတဲ့သူ့ပုံစံကလည်း လူမိုက်နဲ့တူနေသည်မှာ အသေအချာ၊

Hyunjin သည် ဟိုတစ်နေ့က သူ့လည်ပင်းကို ကုပ်ဆွဲလိုက်သည့် ကြက်ပေါက်စကို နောက်တစ်ခေါက်ထပ်တွေ့ချင်လွန်း၍ ဆိုင်ကိုတကူးတက လာခဲ့ခြင်းဖြစ်သည်။

"အေးအေးချမ်းချမ်းနေရစ်ခဲ့ပါခင်ဗျ!"

"ဟော~အလုပ်ဆင်းပြီထင်တယ်"

Hyunjin သည် ကြက်ပေါက်စရဲ့ အသံသြသြလေးကို ကြားရပါမှ သူ့နောက်ကနေ လိုက်မိတော့သည်။
________

နောက်က ကြားနေရသည့် ခြေသံတရှပ်ရှပ်ကြောင့် Yongbok စိတ်ထဲ အနည်းငယ် မလုံမလဲ ဖြစ်လာရသည် ၊ ခြေသံက သူဆိုင်က စထွက်ကတည်းက ကြားနေရတာ အခုထိပဲဆိုတော့ စိတ်ထဲ အနည်းငယ် မလုံမလဲ ၊ အချိန်ကလည်း လင့်နေပြီ သူ့အိမ်ပြန်တဲ့ လမ်းက လူအနည်းငယ် ပြတ်သည် ၊ အခုတစ်လော လုယက်တဲ့ လူတွေက ရှိတာမလို့ လန့်မိတာတော့အမှန် ။

"ဟင်!ခင်ဗျား!"

Yongbok ဖြစ်ချင်ရာဖြစ်ဆိုပြီး နောက်ကိုလှည့်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ လူကြောင့် အံ့သြသွားသည် ။

ဒီလူက သူဟိုတစ်နေ့က ကုပ်လိုက်တဲ့ တစ်ယောက်မလား ၊

" နေပါဦး ခင်ဗျားက ဆိုင်ကနေ ထွက်ကတည်းက ကျွန်တော့်နောက်ကိုတောက်လျှောက်လိုက်လာတာလား ၊ ဘယ်အထိ ဆက်လိုက်ဖို့ စိတ်ကူးထားတာလဲ ၊ ဘာလိုချင်လို့လိုက်လာတာလဲ"

နှုတ်ခမ်းလေး တစ်ထော်ထော်နဲ့ ​ရန်တွေ့နေတဲ့ ပုံက အသည်းယားဖွယ်အတိ ၊ ငါနော် ဆွဲနမ်းလိုက်ရ~!

"ဖြေးဖြေးပေါ့ ကြက်ပေါက်ရဲ့ ၊ မေးခွန်းတွေက များလိုက်တာ"

"ဘာ!ကြက်ပေါက်! ခင်ဗျား အခု ကျွန်တော့်ကို ကြက်ပေါက်လို့ ခေါ်လိုက်တာလား"

"ဒီနားမှာ မင်းနဲ့ကိုယ်နဲ့ နှစ်ယောက်ထဲရှိတာလေ မင်းမဟုတ်လို့ ဘယ်သူဖြစ်ရဦးမှာလဲ ကြက်ပေါက်စရဲ့"

You Lie | CompletedWhere stories live. Discover now