Chp.13

362 40 0
                                    

"ကျွန်တော့်ကို ဘာလို့ချစ်တာလဲ"

အလုပ်ကအပြန်လမ်းမှာ Yongbok က ဘာစိတ်ကူးပေါက်မှန်းမသိ ရုတ်တရက်ကြီး မေးချလာ၏။

"ချစ်ပါတယ်ဆိုမှ အကြောင်းပြချက် လိုသေးလို့လား"

"အင်း လိုတယ် ပြောကြည့်"

သြော်..ပြောကြည့်တဲ့ ဆိုလိုတာက အကြောင်းပြချက်ကို သူမကြိုက်ရင် ရစ်ဦးမယ်ပေါ့

"ကိုယ်က အဲ့လို အ​ကြောင်းပြချက်တွေ မပေးတတ်ဘူး ၊ ဒီတိုင်း Lee Yongbok ဆိုတဲ့ ဖြစ်တည်မှုကိုပဲ ချစ်တာမလို့"

"အဲ့တာဆို ဘယ်အချိန်ကတည်းက စချစ်တာ"

"အဲ့တာကတော့ ကိုယ်လည်းမသိဘူး ၊ ဒါပေမဲ့ ကိုယ် သတိထားမိတဲ့ အချိန်မှာတော့ Yongbok က အလင်းတန်းလေးတွေလိုပဲ ကိုယ့်နှလုံးသားထဲမှာ မြန်မြန်ဆန်ဆန်နဲ့ နေရာယူသွားပြီ"

"တစ်ခါတစ်လေကြရင်လေ Yongbok က လူသားလေးမှဟုတ်ရဲ့လားတောင် တွေးမိတယ်"

Yongbok ခေါင်းပေါ် ကြွေကြလာတဲ့ မေပယ်လ်ရွက်လေးကို ဖယ်ပေးရင်း Hyunjin က ဆို၏။

"လူမှလူအစစ်ပါ ဘာလဲ နတ်သားထင်လို့လား"

"အင်း ဟုတ်တယ် ၊ နဂါးငွေ့တန်းက ကြယ်တာယာတွေ ၊ အလှဆုံးဆိုတဲ့ ပန်းလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ နတ်သားလေး"

သူက စနောက်ပြီး ပြောလိုက်တာကို အတည်ကြီး ပြန်ဖြေလာတာပဲ ၊ ဒီလူကြီး စကားသိပ်တတ်!

"ကိုယ့်အိမ်လိုက်ခဲ့မလား"

"Hyunjin shii အိမ်?"

"အွန်း!ဟို တစ်ခေါက်က အရက်မူးတုန်းက တစ်ခါပဲ ရောက်ဖူးသေးတာမလား ၊ ကိုယ်ကတော့ Yongbok အိမ်ကို ခဏခဏရောက်ဖြစ်တယ်လေ"

"အွန်း!လိုက်ခဲ့မယ်လေ"
______
Hwang ရဲ့ အိမ်က တစ်ထပ်အိမ်ကလေး ၊ လူနေအိမ်တွေနဲ့ အနည်းငယ်ဝေးတာ​ကြောင့်တိတ်"ဆိတ်" ရှိတာမလို့ နေရထိုင်ရတာ အဆင်ပြေမှာလို့တောင် Yongbok တွေးမိသေးသည် ၊

"ခဏထိုင်နေနော် Yongbok ကိုယ် ချောကလက်သွားဖျော်လာခဲ့မယ်"

"ဟုတ်ကဲ့ ၊ ဒါနဲ့ ကျွန်တော် Hyunjin shii အခန်းကို ကြည့်လို့ရလား"

You Lie | CompletedWhere stories live. Discover now