Chp.15

395 41 0
                                    

အိပ်နေတဲ့ Yongbok မျက်နှာလေးအပေါ် နေရောင်ထိုးလာတာ​ကြောင့် Hyunjin လက်နဲ့ကာပေးလိုက်သည် ၊ တော်ကြာ အလင်းရောင်ကြောင့် သူ့ကလေးလေး နိုးလာဦးမယ် ၊

အိပ်ပျော်နေတဲ့ Yongbok က မထိရက်မကိုင်ရက်စရာလေး ပါးလေးတွေက မိုချီလုံးလေးတွေလိုပင် ၊ နှုတ်ခမ်းလုံးလုံးလေးကို လက်နဲ့အသာအယာ ထိမိလေတော့ မနေ့ညက ဒီနှုတ်ခမ်းလေးတွေက သံစဉ်လှလှလေးတွေ ထွက်လာတာကို သတိရမိတော့ Hyunjin ပြုံးမိသည် ၊

မကြာပါ သူ့ကြက်ပေါက်စလေး နိုးလာပြီး မျက်လုံးလေးတွေ ပုတ်ခတ်ပုတ်ခတ်နဲ့ ဟိုကြည့်ဒီကြည့်လုပ်တော့သည် ၊ သူ့ကို မျက်တောင်မခတ်တမ်း ကြည့်နေတဲ့ Hyunjin ကို မြင်တော့ ရဲခနဲ ဖြစ်သွားတဲ့ မျက်နှာလေးသည် ခေါင်းလုံးလုံးလေး မြုပ်သည်အထိ စောင်ကိုဆွဲခြုံလို့ သူ့ရင်ခွင်ထဲ တိုးဝင်လာသည် ။

ဆံပင်အိအိလေးတွေကို အသာအယာနမ်းလို့ ခပ်ဖွဖွပွတ်သပ်ပေးသည်၊ တစ်ကယ်ပါ သူ့ရင်ခွင်ထဲက ဒီကြက်ပေါက်စလေးကို ချစ်လွန်းလို့ ဘယ်လိုလုပ်ရမလဲ ၊

"နိုးပြီလား Yongbok"

"အွန့်!"

အိပ်ချင်မူးတူးအသံလေးနဲ့ ပြန်ဖြေလာတဲ့ သူ့ကြက်ပေါက်စလေး ၊ ကိုယ်လုံးသေးသေးလေးကို တင်းနေအောင် Hyunjin ဖက်ထားလိုက်သည် ၊

"ပြောစရာရှိတယ် Yongbok"

"ပြောလေ ဘာပြောမလို့လဲ"

မျက်လုံးလေးမပွင့်တပွင့်နဲ့ သူ့ကို လှမ်းကြည့်လို့ မေးလာတဲ့ Yongbok ကို ရင်ခွင်ထဲပြန်ထည့်ထားလိုက်သည် ၊ ဒီတစ်ခါမှာတော့ လက်သေးသေးလေးတွေသည် Hyunjin ကျောပြင်ကို ဖက်တွယ်လာပါ၏။

"ကိုယ့်ရည်းစားဟောင်းအကြောင်း"

"ဓာတ်ပုံထဲက တစ်ယောက်မလား ပြောလေ"

"အင်း..သူ့ကို သေသွားပြီလို့ ကိုယ်ပြောခဲ့တယ်နော်"

"အင်းလေ"

"အမှန်တော့ သူက အသတ်ခံရတာ"

သတ်လိုက်တာ သူကိုယ်တိုင်ပဲ ဆိုတာကိုတော့ Hyunjin ထည့်မပြောဖြစ်တော့ ၊

"ဟင်!"

"အင်း တစ်ကယ်ပြောတာ"

"ဟို..ဒီမြို့က ပုဆိန်နဲ့လူသတ်သမားလား သူက မိန်းကလေးတွေပဲ သတ်တာလေ"

You Lie | CompletedWhere stories live. Discover now