"Jisung nah"
သူ အရင်နေခဲ့တဲ့ အိမ်ရှေ့မှာ ဆောင့်ကြောင့်လေးထိုင်နေတဲ့ Jisung ကို လှမ်းခေါ်လိုက်သည် ၊
"ကြာလိုက်တာကွာ ဒီမှာ အေးလို့ရေခဲဖြစ်တော့မယ်"
"မကြာပါဘူးကွာ ၊ လာ ငါနဲ့လိုက်ခဲ့"
"ခဏ ၊ မင်းက ဘာလို့ ဒီမှာ မနေတော့တာလဲ"
"သွားရင်းနဲ့ရှင်းပြမယ်"
________"၀ါး မိုက်လိုက်တာ ၊ သြော်...သူများ ရည်းစားတွေများ ကောင်းလိုက်တာ"
သူနဲ့ Hwang အကြောင်းတွေရှင်းပြတော့ Jisung က မိုက်လိုက်တာ လုပ်နေသေးသည် ၊ သူ့အမျိုးသားကို ဘယ်နားသွားထား,ထားလဲမသိ
"မင်း ကိုကိုကရော မကောင်းလို့လား"
"မကောင်းဘူး"
"ဘာလဲ ဘာဖြစ်ကြပြန်ပြီလဲ ၊ ပြီးရင် ဟုတ်ကြတာလဲ မဟုတ်"
"ဒီတစ်ခါ တစ်ကယ် ကွာပစ်မယ် ၊ မင်းပဲ စဥ်းစားကြည့်ကွာ ၊ ငါ့ကို reply ပြန်တာ 1 စက္ကန့်ကြီးများတောင် ကြာတယ် ၊ ပြီးတော့ ငါ့ကို ဟိုးတစ်နေ့က အော်တယ်"
"အဲ့တာနဲ့ စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းလာတယ်ပေါ့"
"ဟုတ်တယ် ၊ စိတ်ဆိုးတာ နောက်တစ်ခု ရှိသေးတယ် ၊ ငါက ရေခဲမုန့် စားချင်တယ် ပြောတာကို ချောင်းဆိုးမှာစိုးလို့ဆိုပြီး ၀ယ်မကျွေးဘူး ၊ ကိုယ့်ကို ရေခဲမုန့် လေးတောင် မကျွေးချင်တဲ့ လူနဲ့တော့ Han Jisung တို့က တစ်အိမ်ထဲမနေနိုင်ပါဘူး "
"မင်း ကိုကိုက မင်းကို စေတနာနဲ့ ပြောတာနေမှာပါကွာ"
"ဘာလဲ မင်းကပါ သူ့ဘက်ပါနေတာလား Felix"
"ဟော~အိမ်ရှေ့တောင် ရောက်ပြီ လာ Jisung အထဲ၀င်ရအောင်"
"Yarr! Lee Felix မေးနေတာဖြေဦးလေ"
______
*door bell rings*တံခါးဘဲလ်သံကြောင့် သုတ်လက်စ ပန်းကန်တွေကို ချပြီး Hyunjin တံခါးသွားဖွင့်လိုက်သည် ၊
အိမ်ရှေ့မှာ မြင်ရသည်က long coat ထဲ မြုပ်နေတဲ့ သူ့ရဲ့ ကြက်ပေါက်စနဲ့ သူ့ရဲ့ သူငယ်ချင်းဆိုတဲ့ကောင်လေး ၊ ကြက်ပေါက် သူငယ်ချင်း ကောင်လေးက လက်ဆွဲအိတ်တွေနဲ့ မဟုတ်မှလွဲရော ဒီအိမ်မှာ လာနေမလို့လား
YOU ARE READING
You Lie | Completed
FanfictionHyunlix story ; written in Burmese ᡣ𐭩 A serial killer and a hair stylist .