Chp.6

518 66 4
                                    

ကော်ဖီဆိုင်လေးရဲ့ ထောင့်စွန်းစားပွဲမှာ ထိုင်နေသော Hyunjin သည် လက်ပတ် နာရီကို တစ်ကြည့်ကြည့် ၊ ဆိုင်လေးက သေးသလောက် အပြင်အဆင်က ချစ်စရာကောင်းသည် ၊ နှစ်ယောက်စာ စားပွဲ၀ိုင်းလေး 5,6 ခုံလောက်သာ ချထားသော ဆိုင်လေးသည် လူလည်းနည်းသဖြင့် တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်း ရှိလှသည် ၊ စာလုပ်ချင်သူတွေအတွက် အဆင်ပြေမည့် ဆိုင်ကလေးပင် ၊ ဆိုင်ထဲတွင် စာအုပ်ဖတ်ရင်း စကားပြောနေတဲ့ ကောင်မလေးနှစ်ယောက်ရယ် ၊ ဆိုင်၀န်ထမ်းလေးနှစ်ယောက်ရယ် ၊ သူရယ်သာ ရှိသည် ။

Hyunjin မျက်လုံးတစ်စုံသည် လက်ပတ်နာရီမှ တစ်စက်ကလေးမှ အကြည့်မရွေ့ ၊ ​ခြေဖျားလက်ဖျားတွေတောင် အေးချင်လာသည် ၊ ဆိုင်ထဲမှာ Air con ဖွင့်ထားတာကြောင့်လည်း ပါ,ပါလိမ့်မည်။

"ဒီလောက်ဆို ရောက်လာသင့်ပြီ"

Hyunjin သည် lced Americano ကို တစ်ငုံသောက်လိုက်သည် ၊ ခါးသက်သက်အေးစက်စက် အရသာက လည်ချောင်းတစ်လျှောက်ကို စိမ့်၀င်သွားပေမဲ့ ကဆုန်ပေါက်နေသည့် သူ့စိတ်တွေကတော့ မငြိမ် ၊ Yongbok ကလည်း အခုထိရောက်မလာသေး ၊ သူ့အတွက်မှာပေးထားတဲ့ ချောကလက်လေးတောင် အေးတော့မယ် ၊ ဒီကလေး ဘာတွေများဒီလောက်ကြာနေတာပါလိမ့်။

"ဖုန်းဆက်ကြည့်ရမလား? အာ..ထားလိုက်ပါတော့လေ"

Hyunjin သည် စားပွဲပေါ်က Americano ကို တစ်ငုံထပ်သောက်ရင်း အပြင်ကို ငေးမိသည် ၊ ဆောင်း၀င်လာပြီမလို့ ရာသီဥတုက ထိုင်းမှိုင်းလျက် ၊

Hyunjin အပြင်ကို ငေးနေတုန်း ဆိုင်တံခါးက ခေါင်းလောင်းသံလေးမြည်လာသည် ၊ ကြည့်လိုက်မိတော့ သူမျှော်နေတဲ့ သက်ရှိလေး ၊ လမ်းလျှောက်လာတာလေးက တစ်ကယ့်ကြက်ပေါက်စလေးလိုပဲ လုံးလုံးလေးနဲ့ ချစ်စရာလေး ၊ ကြက်ပေါက်စလို့ ခေါ်ပြန်ရင်လည်း စိတ်ကဆိုးဦးမယ် ၊

"ဆောရီး နောက်ကျသွားတယ် ဒီ ချောကလက်က ကျွန်တော့်အတွက်မလား"

သူ့ရှေ့က ခုံကိုဆွဲယူလို့ထိုင်ရင်း သူ့အတွက်မှာပေးထားတဲ့ ချောကလက်ကို လက်ကလေးနှစ်ဖက်နဲ့ သောက်နေသည် ၊ လက်ကလေးတွေက တစ်ကယ်သေးသေးလေးတွေ လက်သည်းတွေကတော့ စူးလှသည် ။

You Lie | CompletedWhere stories live. Discover now