Chp.22:Lawyer and Serial Killer

389 39 0
                                    

-
Lawyer and Serial Killer
-

"မင်း မလား"

"ဘာတွေလာပြောနေတာလဲ!?"

အိမ်ထဲ၀င်ခါနီး အိမ်ပေါက်၀မှာ စီးကရက် တစ်လိပ်ကို လက်ကြားညှပ်ရင်း မတ်တပ်ရပ်လို့ အဆက်,စပ်မရှိတဲ့ မေးခွန်းကို လာမေးနေတဲ့သူကို Hyunjin ဘေးလွယ်အိတ်ထဲမှာ ပါလာတဲ့ ကတ်ကြေးနဲ့ တစ်ချက်တည်း ဆောင့်ထိုး လိုက်ချင်စိတ်တွေ တစ်ဖွားဖွား ၊ ဒီလူက Yongbok သူငယ်ချင်း Han Jisung ဆိုတဲ့ ကောင်လေးရဲ့ အမျိူးသား ရှေ့နေ Lee Minho ဆိုတဲ့ တစ်ယောက်မလား ၊

"ဘာတွေပြောနေလဲ သိချင်ရင် ငါနဲ့လိုက်ခဲ့"

"ဘာကိစ္စလိုက်ရမှာလဲ"

"အဲ့တာဆို လမ်းမကြီးမှာ ငါက ပြောရမှာလား ၊ ဒါမှမဟုတ် အိမ်ထဲ၀င်ပြောရမှာလား"

"တစ်ကယ်ပဲ ဘာအကြောင်းပြောမှာ မလို့လဲ"

"အဲ့တာ​ကြောင့် သိချင်ရင် ငါနဲ့လိုက်ခဲ့လို့ ပြောနေတာပေါ့"
_____

Minho က လူသွားလူလာပြတ်သည့် လမ်းကြားထဲက အခန်းသေးသေးလေးဆီ Hyunjin ကို ခေါ်သွားသည် ၊ အခန်းလေးက သေးသေးလေးပေမဲ့ ပစ္စည်းတွေနဲ့ ရှုပ်ရှပ်ခက်မနေပဲ သပ်သပ်ရပ်ရပ်လေး ရှိသည် ၊ သစ်သားထိုင်ခုံ သေးသေးလေး နှစ်လုံး နဲ့ စားပွဲခုံလေး တစ်လုံး လည်း ချထားသေးသည် ၊

"ဒီနေရာကို ဘယ်သူမှ သိတာ မဟုတ်ဘူး ၊ Hannie တောင်မသိဘူး ၊ မင်းက ဒီကို ရောက်လာတဲ့ ပထမဆုံး ဧည့်သည်ပဲ ကိုယ့်ကိုယ်,ကိုယ် ဂုဏ်ယူသင့်တယ်"

"မသိချင်ဘူး"

"ထိုင်ဦးလေ ကော်ဖီသွားဖျော်လိုက်မယ်"

"ငါ ဒီကို ကော်ဖီသောက်ဖို့ လာတာလည်း မဟုတ်ဘူး ၊ ပြောစရာရှိတာ မြန်မြန်ပြော Yongbok စောင့်နေတော့မယ်"

"မင်း မလား ၊ ငါ့ ဖိုင်တွေကို ခိုးသွားတဲ့ ဆိုင်ကယ်နဲ့ တစ်ယောက်က"

"မင်းဘာတွေလာပြောနေတာလဲ ၊ မင်းပြောနေတဲ့ လူသတ်သမားဖိုင်တွေအကြောင်း ငါမသိဘူး"

"ဟော~လူသတ်သမားဖိုင်လို့ ငါပြောမိခဲ့လို့လား ၊ ဘာမှတောင် မပြောရသေးဘဲနဲ့ တန်းသိတာပဲနော် ၊ မဟုတ်မှလွဲရော အကြားအမြင် ရနေတာလား"

"မင်း!"

"ဘာလဲ ထိုးမလို့လား ၊ ထိုးလေ! အိမ်ပြန်ရောက်လို့ Hannie က ဘာဖြစ်လာတာလဲ မေးရင် အမှန်တိုင်း ဖြေလိုက်ရုံပဲနော် ၊ အဲ့အခါကြ ဘာဆက်ဖြစ်မယ် ထင်လဲ"

Hyunjin က ခုံပေါ်ကနေ ထလို့ သူ့မျက်စိရှေ့က Lee Minho ဆိုတဲ့ အမျိုးသားရဲ့ အင်္ကျီကော်လံစကို ဒေါသတစ်ကြီးဆောင့်ဆွဲမိတော့ Minho က မထီမဲ့မြင် ပြုံးရင်း ဆို၏။

"အဲ့တော့ အခု မင်းက ဘာဖြစ်ချင်တာလဲ"

Hyunjin စိတ်ကို တည်ငြိမ်အောင် မနည်းထိန်းထားရသည် ၊

"ပုဆိန်နဲ့လူသတ်သမား က မင်း မလား"

"ဟုတ်တယ် ငါပဲ ၊ ဘာလဲ ငါ့ကို ဖမ်းမလို့လား ၊ အသံတွေဘာတွေသွင်းထားသေးတာလား"

"ဝါသနာ မပါဘူး"

"အဲ့တာဆို ဘာလို့လာမေးနေသေးလဲ ၊ ရှေ့နေတွေက ကိုယ့်စောက်ကြောင်း မဟုတ်တာတွေလည်း ၀င်ပါတတ်ပုံပဲနော်"

"ငါ့စောက်ကြောင်းမလို့ ၀င်ပါနေတာကွ ၊ မင်းသတ်လိုက်တဲ့ မင်းရည်းစား Rachel လေ မှတ်မိသေးတယ်မလား"

"ဘာဖြစ်လဲ ဆက်ပြော"

"Rachel က ငါ့အပေါ်မှာ ကျေးဇူးအများကြီးရှိခဲ့တာ ၊ Hannie နဲ့ငါနဲ့ အခုလက်ရှိနေ,နေတဲ့ အိမ်ကလည်း သူလက်ဖွဲ့ပေးထားတာ"

"သြော်..အဲ့တော့ ထိုင်ငိုပေးရမှာလား ၊ သူသာ ယောကျ်ားတစ်ကာနဲ့ ပလူးပလဲ လုပ်မနေရင် သေမှာမဟုတ်ဘူး"

"ဟုတ်ပြီ Rachel က ယောကျ်ားတစ်ကာနဲ့ ပလူးပလဲလုပ်လို့ မင်းသတ်လိုက်တယ်ပေါ့ ၊ အခု Yongbok ကိုရော ထပ်သတ်ဦးမှာလား"

"မင်း စောက်စကားကို ကြည့်ပြော ၊ Yongbok ကို ငါက လေသံမာမာနဲ့တောင်ပြောဖူးတာ မဟုတ်ဘူး"

"Yongbok က Hannie ရဲ့ အချစ်ဆုံးသူငယ်ချင်းမလို့ ငါ့အတွက်လည်း ညီလေး တစ်ယောက်လိုပဲ ၊ Yongbok ရဲ့ မျက်နှာကိုထောက်ထားပြီး မင်းကို ငါ
လွှတ်ပေးလိုက်ပါ့မယ် ၊ လူသတ်မှူတွေကလည်း ထပ်ဖြစ်တော့တာမှ မဟုတ်ပဲ"

"ငါ မကောင်းတာတွေ မလုပ်တော့တာ ကြာပါပြီ ၊ နောက်ပြီး ငါက Yongbok ကို လက်ဖျားနဲ့တောင် ရွယ်ဖူးတာ မဟုတ်ဘူး ၊ လွှတ်ပေးတဲ့ အတွက်တော့ ​ကျေးဇူးပဲ မလွှတ်ပေးလည်း ငါက စောက်ဂရုသိပ်မစိုက်ပါဘူး ၊ အခုတော့ ပြန်တော့မယ် ၊ Yongbok စောင့်နေတော့မယ်"

Minho ခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်သည် ၊ ဥပဒေနဲ့ မညီညွတ်မှန်း သိပေမဲ့ ဒီတစ်ခါတော့ မျက်ကွယ်ပြုဖို့ ဆုံးဖြတ်မိသည် ၊ သူ့ဆုံးဖြတ်ချက်တွေက အမြဲတမ်းလည်း မှန်ခဲ့တာပဲလေ။
___
7 / December / 2022

[ ဒီအပိုင်းက ဒီတိုင်း အပိုသဘောမျိုးထည့်ပြီးရေးရုံပါ ၊ ဇာတ်လမ်းကို ဘာမှသိပ်ပြီး သက်ရောက်စေမှာ မဟုတ်ပါဘူး]

You Lie | CompletedWhere stories live. Discover now