ဆောင်းရာသီရဲ့ မနက်ခင်းတွေသည် အနွေးဓာတ်ပေးသည့် ရင်ခွင်တစ်စုံကြောင့် နွေးထွေးလို့ ၊ Yongbok သည် သူ့လက်သေးသေးလေးတွေနဲ့ မျက်နှာချောချောပေါ် ထိုးနေတဲ့ နေရောင်ကို ကာပေးလိုက်သည် ။
ဘာတွေစားပြီး ကြီးပြင်းလာလို့ သူ့ကလေးကြီးက ဒီလောက်ချောနေရတာတုန်း! နှုတ်ခမ်းထူထူတွေကို ကိုင်ကြည့်နေရင်းမှ Yongbok အကြည့်တွေက လည်ပင်းက တက်တူးဆီ ရောက်သွားသည် ၊ ဒီတက်တူးကို သူတော်တော် ရင်းရင်းနှီနှီးကို မြင်ဖူးနေတာ ဘယ်တုန်းကလဲ ဆိုတာပဲ မမှတ်မိတော့တာ ၊
တွေးနေရင်းနဲ့မှ Hwang က အသံတစ်ချက်ပြုပြီး လှုပ်သွားတော့ အိပ်ယာကနေထလို့ မနက်စာပြင်ဖို့ Yongbok လုပ်ရပြီ ၊ အိပ်နေတဲ့ အမျိုးသား နွေးထွေးနေဖို့တော့ စောင်လေးကို ခြုံပေးခဲ့ပါ၏။
________နိုးနိုးချင်း အိပ်ယာဘေးကို စမ်းမိလေတော့ ဘာမှမရှိ ၊ အတန်ကြာအောင် လိုက်စမ်းပါသော်လည်း ဘာကိုမှမခံစားရတာကြောင့် Hyunjin ရင်ထဲထိတ်ခနဲ ဖြစ်သွားသည် ၊ အိပ်ယာကနေ ထထိုင်လို့ ဘေးဘီ၀ဲယာ ကြည့်မိတော့လည်း ဘာမှမတွေ့ရ ၊ မည်သည့်တစ်စုံတစ်ရာကိုမျှ မခံစားရ အခန်းထဲမှာ သူတစ်ယောက်တည်း ရှိနေသည်
Yongbok...Yongbok ရော ၊ မနေ့ညကတောင် Yongbok ကို ရင်ခွင်ထဲထည့်လို့ ပါးလေးနှစ်ဖက်ကို နီဆွေးနေအောင် နမ်းခဲ့သေးသည် ၊ အခု Yongbok ရော ၊ အကယ်၍ မနေ့ညက ဟာတွေက ထင်ယောင်ထင်မှား ဖြစ်နေခဲ့တာ ဆိုရင်ရော ၊ ဒီအတောအတွင်း ကြုံရသမျှဟာ သူ Yongbok ကို တစ်အားစွဲလန်းလွန်ပြီး ထင်ယောင်ထင်မှား ဖြစ်နေခဲ့တာ ဆိုရင်ရော...
တွေးနေရင်းမှ အခန်းတံခါးဖွင့်သံနဲ့အတူ ၀င်လာတဲ့ Yongbok ကို မြင်တော့မှ သူသက်ပြင်းခပ်ယဲ့ယဲ့ချမိသည် ၊ သူ ထင်ယောင်ထင်မှားဖြစ်တာ မဟုတ်ဘူးပဲ ၊ Yongbok က တစ်ကယ် သူ့ဘေးမှာရှိနေခဲ့တာပဲ
"နိုးနေတာကို ထွက်လည်းမလာဘူး "
Yongbok က အိပ်ယာပေါ်က သူ့နားမှာ မတ်တပ်ရပ်ရင်း ဆို၏။
"ကိုယ်က Yongbok ပျောက်သွားပြီထင်နေတာ"
Yongbok ရဲ့ ခါးသိမ်သိမ်လေးကို ဆွဲဖက်ရင်း ဗိုက်သားရှပ်ရှပ်လေးပေါ်ကို မျက်နှာအပ်ရင်း Hyunjin က ဆို၏။
YOU ARE READING
You Lie | Completed
FanfictionHyunlix story ; written in Burmese ᡣ𐭩 A serial killer and a hair stylist .