Chp.14⚠️

1K 44 1
                                    

[ ⚠️This part contains mature sence.lf you don't like this part , just skip.📌]

"ဟ့!မကိုက်နဲ့လေ"

Hyunjin က သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်တာမလို့ Yongbok က အော်သံစွက်လို့ဆို၏။

"Yongbok နှုတ်ခမ်းလေးတွေက စတော်ဘယ်ရီသီးလေးတွေနဲ့ တူတယ် နီရဲပြီး စားချင်စရာလေး တစ်ကယ်ထိလိုက်ရင်ကြတော့ ပူတင်းလေးတွေလိုပဲ မခွာချင်တော့ဘူး"

"အဲ့တာနဲ့ပဲ ကိုက်စရာလား ၊ အ့!သွေးတောင်ထွက်သွားပြီ ထင်..အွန့်!"

​Yongbok ပြောလို့ပင်မဆုံးသေး သူ့နှုတ်ခမ်းကို လာရောက်ထိကပ်သော နှုတ်ခမ်းထူထူတစ်စုံ ၊

နှူတ်ခမ်းဖူးဖူးလေးသည် နှုတ်ခမ်းသားထူထူတွေ၏ အောက်တွင် အပြိုပြိုအလဲလဲပင် ၊ Yongbok အသက်ရှုရတာ မ၀တော့တာမလို့ နှုတ်ခမ်းတွေကို ဖွင့်ဟမိတော့ သူ့ခံတွင်းထဲကို Hyunjin ရဲ့ လျှာက တိုး၀င်လာလေရဲ့ ၊ နှုတ်ခမ်းတွေကိုအပေါ်အောက်တစ်လှည့်စီ စုပ်ယူလို့ လျှာတွေကလည်း အချင်းချင်းရစ်ပတ်လို့ ၊ မိုးသည်းညသည် အေးမြလှပါသော်လည်း သူတို့ခန္ဓာကိုယ် တွေကတော့ အပူလှိုင်းတွေ ဖြတ်သန်းစီးဆင်းလျက် ၊

"ကုတင်ပေါ်သွားရအောင် Yongbok"

နားရွက်ဖျားကို လျှာဖြင့် ကလိရင်းပြောလာသူ၏ အသံသည် ဆွဲဆောင်မှုရှိလွန်းသည် ၊ Yongbok လွန်ဆန်နိုင်စွမ်းမရှိသလို လွန်ဆန်ချင်စိတ်လည်းမရှိ ၊

"အင့်!"

နှုတ်ခမ်းဖူးဖူးလေးကိုဟလို့ အသက်ကိုမနည်းလုရှုနေသူ၏ ခန္ဓာကိုယ်သေးသေးလေးကို ပွေ့ချီလို့ ကုတင်ပေါ်ရွှေ့ပြောင်းပေးချိန်တွင် ထွက်လာသော အသံသေးသေးလေး
_____
ခန္ဓာကိုယ်သေးသေးလေးကို ကုတင်ပေါ်အသာအယာချပေးလို့ နှုတ်ခမ်းဖူးဖူးလေးကို နောက်တစ်ကြိမ် စုပ်ယူမိပြန်သည် ၊ လက်သေးသေးလေးတွေသည် Hyunjin ရင်ဘတ်ကို တွန်းကန်လာတော့ ခေတ္တလွှတ်ပေးမိသည်၊

"အောက်ဆီဂျင်ပြတ်ပြီး သေတော့မယ်တောင် ထင်နေတာ"

"ဟက်!"

ပက်ခနဲပြန်ပြောတဲ့ စကားလေးကို သဘောတကျ ရယ်မိတော့ နတ်သားလေးကသူ့ကို မျက်စောင်းလှလှလေး လာထိုးလေရဲ့၊ခဏနေရင် မျက်စောင်းမထိုးနိုင်တော့ပဲ မျက်ရည်၀ဲရတော့မှာ နတ်သားလေးရေ!

You Lie | CompletedWhere stories live. Discover now