Chp.19

330 36 0
                                    

"Hwang က Minho Hyung နဲ့ သိတာလား"

"မသိ..မသိပါဘူး ၊ ဘာ..ဘာလို့မေးတာလဲ"

"​ဘာမှမဟုတ်ပါဘူး Hyung က တွေ့ဖူးလားလို့ မေးသွားလို့"

"ကိုယ်ကတော့ မတွေ့ဖူးဘူး"

"အင်း အင်း"

"ကိုယ်တို့ နှစ်ယောက်လုံး ဒီနေ့အားနေတော့ တစ်နေရာ သွားရအောင် ၊ ဘယ်သွားကြမလဲ"

"မသိဘူးလေ Hwang ဘယ်သွားချင်လဲ"

"ကိုယ်မင်းကို ဖွင့်ပြောခဲ့တဲ့ ကော်ဖီဆိုင်ဆိုရင်ရော"

"အွန်း!သွားတာပေါ့"
_________

"အစ်ကိုတို့ကို.."

"Iced Americano တစ်ခွက်နဲ့ hot chocolate တစ်ခွက်မလား ၊ အစ်ကိုက နေ့တိုင်းနီးပါး လာ၀ယ်နေတော့ မှတ်မိနေပြီ"

Hyunjin ဘာမှ မမှာရသေးခင် ၀န်ထမ်းကောင်မလေးက ပြုံးလို့ဆို၏ ၊ ဟုတ်တော့လည်းဟုတ်သည် ၊ ဒီဆိုင်က Yongbok အလုပ်ကိုသွားတဲ့လမ်းမှာ ရှိတာမလို့ နေ့တိုင်းနီးပါး ၀င်ဖြစ်သည် ။

"ဆိုင်ကတောင် Hwang ကို မှတ်မိနေပြီ"

Yongbok က ပြုံးရင်း ဆို၏။

"ဒီမှာရပါပြီ"

"ကျေးဇူးနော် ညီမလေး"

ဆိုင်၀န်ထမ်းကောင်မလေးက မှာထားတာ လာချပေးတော့ Yongbok က ကျေးဇူးတင်စကားပြော၏။

"ဒါနဲ့ အစ်ကိုတို့က ချစ်သူတွေလား , သူငယ်ချင်းတွေတော့ မဖြစ်နိုင်လောက်ဘူး ထင်တယ်ရော်"

"အစ်ကိုတို့က လက်ထပ်ထားပြီးသားလေ"

"အဟွတ်!အဟွတ်!"

Yongbok ချောင်းတွေပင်ထဆိုးကုန်သည် ၊ ငါ ဘယ်တုန်းက ယောကျာ်းရသွားတာလဲ

"ဖြေးဖြေးသောက်လေ ဘေဘီရယ် ၊ ညီမ လုပ်စရာရှိတာ သွားလုပ်လို့ရပြီ ၊ စိတ်မပူနဲ့ အစ်ကို့ အမျိုးသားလေးက အမြဲ အဲ့လိုဖြစ်နေကြပဲ"

"ကြားရတာ ကြည်နူးစရာကောင်းလိုက်တာ ၊ အစ်ကို့ အမျိုးသားက ချောလည်းချောတယ် အစ်ကို့ကိုလည်း ဂရုစိုက်ပေးသေးတယ် အစ်ကိုတော့ ယောကျ်ားရတာ ကံကောင်းတာပဲ"

၀န်ထမ်းကောင်မလေးက ပြုံးစိစိမျက်နှာပေးဖြင့် ပြောလာတော့ ချောင်းဆိုးနေတဲ့ကြားထဲမှပင် မချိုမချဥ်မျက်နှာပေးဖြင့် ပြန်သာပြုံးပြလိုက်သည် ၊ ယောကျ်ားရတာ ကံကောင်းတာပဲ ဆိုတဲ့ စကားကြောင့်တော့ သွေးပင်ဆောင့်တိုးချင်သွားသည် ၊ အစ်ကို အခုမှ လူပျိုလေးပဲရှိပါသေးတယ် ညီမရယ် ၊

You Lie | CompletedWhere stories live. Discover now