Chp.3

737 67 2
                                    

Hyunjin သည် ခေါင်းအနောက်က ဆံပင်တွေကို ပွတ်သပ်မိတိုင်း ရယ်ပဲရယ်ရမလို ဒေါသပဲထွက်ရမလို ဖြစ်နေသည် ၊ ဘယ့်နှယ့် ညှင်းသိုးသိုးဖြစ်နေလို့ ဆံပင်လေးညှပ်မိပါတယ် ခေါင်းပင်ကွက်သွားရသည့်အဖြစ် ။

ခေါင်းကနေတစ်ဆင့် လည်ပင်းက ကုပ်ရာကို ပွတ်သပ်မိတော့ ဖျဥ်းကနဲ ၊

"အ့!စပ်လိုက်တာဟ!လက်ကလေးတွေကသေးသလောက် လက်သည်းတွေက ချွန်လိုက်တာ ကြက်ပေါက်စအတိုင်းပဲ"

ဆံပင်က ကိစ္စသိပ်မရှိ သူက 3,4 လနေမှာ တစ်ခါ အပြင်ထွက်တတ်တာမလို့ ခဏလေးနဲ့ ပြန်ပေါက်လာမှာ ၊ လည်ပင်းက ကုပ်ရာကတော့ အတော်ကိုစပ်သည် ၊ လက်ကလေးတွေက သေးသလောက် လက်သည်းတွေက အတော်ချွန်သည် ၊ ကုပ်ရာက သွေးတွေပင်စို့ချင်နေသည် ။

"နေပါဦး!ဟိုနေ့က ဆိုင်ကယ်ပေါ်က တွေ့လိုက်တာလည်း အဲ့ကောင်လေးပဲမလား ၊ လူကိုတောင် ပွစိပွစိနဲ့ပြောနေသေးတယ်"

Hyunjin အဲ့နေ့က ဆိုင်ကယ်ကို ဘယ်လိုမှ အရှိန်ထိန်းမရဘဲ ပြေးထွက်လာတဲ့ ကလေးကိုတိုက်မိခါနီးလေး ကောင်လေးတစ်ယောက်က လာကယ်သွားတာ​​ကြောင့် တော်သေးသည် ၊ မဟုတ်ရင် တိုက်မိတော့မှာ ၊ ကလေးရော ထိုကောင်လေးရော ဘာမှမထိခိုက်သွားတာကြောင့် တောင်းပန်မနေတော့ သူက အဲ့လို တောင်းပန်ရတာကိုလည်း နဂိုကတည်းက ၀ါသနာမပါ ၊ ဒါပေမဲ့ အဆင်ပြေရဲ့လားဆိုပြီး နောက်ကြည့်မှန်က တစ်ချက်လှမ်းကြည့်တော့ သူ့ကို နှုတ်ခမ်းဆူပြီး ပွစိပွစိပြောနေတဲ့ ကောင်လေးကို လှမ်းမြင်ရသည် ၊ အခုတော့ အဲ့ကောင်လေးက သူ့ကို ခေါင်းကွက်အောင် လုပ်လိုက်တဲ့ ကြက်ပေါက်စ ဖြစ်နေသည်တဲ့လား။

"အကောင်သေးသလောက် စွာလိုက်တာ တစ်ကယ့်ကြက်ပေါက်စပဲ အသံကလည်း မျက်နှာလေးနဲ့မှမလိုက် သြရှရှနဲ့"

"ပြီးတော့ ချစ်စရာလည်းကောင်းသေးတယ်"

ဒီစကားကိုတော့ Hyunjin လက်ကြားထဲက စီးကရက်ကို မီးညှိရင်း ခပ်တိုးတိုးရေရွတ်မိပါ၏။

ထွက်သက်တစ်ရှိုက်မှာ စီးကရက်ငွေ့တွေသည် ကြယ်တွေပေါ်ထိ ရောက်သွားသယောင် ၊ တစ်ယောက်ယောက် ချစ်မိတော့မယ် ထင်ပါရဲ့ ။
_______

You Lie | CompletedWhere stories live. Discover now