Chp.1

1.7K 84 4
                                    

မိုးခြိမ်းသံတွေကြားမှာ Yongbok သည် ဒူးခေါင်းလေးနှစ်ဖက်ကို လက်ဖြင့်ပိုက်လို့ အခန်းထောင့်တွင် ကျုံ့ကျုံ့လေးထိုင်နေပါ၏။ အိမ်နှင့် တစ်ခါမှ မခွဲဖူးသည့်သူမလို့ နေရထိုင်ရသည်မှာ အဆင်မပြေလှ ၊ သူ လောလောဆယ် ငှားနေသည့် အခန်းလေးသည် သူ့ကိုယ်ပိုင် အခန်းလောက်ပင် မကျယ်၀န်း။

"လောလောဆယ်တော့ ဒီလိုပဲနေရမှာပဲ နောက်အလုပ်ရပြီးမှ ပိုက်ဆံစုပြီး ဒီ့ထက်ကောင်းတဲ့အခန်းပြောင်းရမယ် ဖိုက်တင်း Lee Yongbok မင်းလုပ်နိုင်ပါတယ်"

မိုးခြိမ်းသံတွေကြားမှာပင် အိပ်စက်ရန် Yongbok ကြိုးစားရပါ၏။သူလိုလိုချင်ချင်လျှောက်လှမ်းခဲ့သည့် လမ်းခရီးဖြစ်သည်မလို့ ကြိုးစားပြီးနေထိုင်ရသွားရန်သာ ဆုံးဖြတ်ချက်ချထားရသည်။
______

"ဗိုက်ဆာလိုက်တာ နေကလည်း ပူလိုက်တာ"

မနက်ကတည်းက အခုချိန်ထိ Yongbok ဘာမှမစားရသေး။တစ်လမ်း၀င်တစ်လမ်းထွက်လို့ ရှိသမျှHair Saloon တွေမှာ အလုပ်လျှောက်ရတာ ပင်ပန်းလှသည် ၊ ဒါကပင် သူ Hair Stylist ဖြစ်ဖို့ပထမဆုံးအခွင့်အလမ်းဖြစ်နိုင်သည်။

"ဗိုက်ဆာလိုက်တာ တစ်ခုခုတော့စားဦးမှပဲ အလုပ်ကိုနောက်မှထပ်ရှာကြည့်တာပေါ့"

အနီးအနားက ဆိုင်လေးတစ်ခုထဲ၀င်ကာ ထမင်းစားရင်း ဖုန်းတစ်လုံးနဲ့ အလုပ်ရှာရသည် ၊ Hair Saloon မဟုတ်ရင်တောင် တစ်နေရာရာမှတော့ အလုပ်ရမှဖြစ်မည် ။
________

Yongbok ညစာအတွက် ၀ယ်လာသည့် ထမင်းဘူးလေးကိုင်ပြီး အခန်းကိုပြန်နေတုန်း ကလေးတစ်ယောက်လမ်းကြားထဲမှ ပြေးထွက်လာသည် ၊ ထိုအချိန်မှာပဲ ဆိုင်ကယ်တစ်စီး လမ်းကြားထဲကထပ်ထွက်လာသည် ၊ ကလေးက ဆိုင်ကယ်ကိုမမြင် သူအရှေ့က ဘောလုံးကိုသာ အာရုံစိုက်နေသည် ၊ ဆိုင်ကယ်ကလည်း အရှိန်မလျှော့ ၊ ဒီပုံစံအတိုင်းသာဆို ကလေးကိုတိုက်မိတော့မယ်။

Yongbok ကလေးကို ရင်ခွင်ထဲပိုက်ပြီး တစ်ဖက်ကိုဆွဲချလိုက်သည် ၊ ဆိုင်ကယ်ကတော့ ၀ူးခနဲမောင်းထွက်သွားသည် တစ်ချက်ကလေးပင် လှည့်မကြည့်သွား ၊

[ A/N သိတယ်မလားကွာ K drama တွေထဲကလိုမျိုးလေ ကျွန်တော်က သိပ်ပြီးပေါ်လွင်အောင် မရေးပြတတ်တာမလို့ မီယန်း TT ]

You Lie | CompletedWhere stories live. Discover now