"ဒီနေ့ အလုပ်ကနေ စောစော ပြန်လာပေးလို့ ရမလား"
"ဘာလို့လဲ Hwang"
"ဒီတိုင်းပါပဲ ၊ ပြန်လာလို့ရလားလို့"
"အွန်း!ရပါတယ်"
"အဲ့တာဆို ညနေကြမှ တွေ့ကြမယ်နော် ၊ ကိုယ် သွားစရာလေး တစ်ခုရှိလို့ လိုက်မပို့တော့ဘူး ၊ အပြန်လာကြိုရင်လည်း နောက်ကျဖြစ်မှာ သိလား"
"သြော်..အင်း အင်း"
Yongbok 'အင်း အင်း' သာပြောပြီး ထွက်လာခဲ့သည် ၊ ဒီလူကြီး ဘာလုပ်နေပြန်ပြီလဲ။
______အနီရောင်ဘူးလေးထဲက ဆင်တူ ငွေထည် လက်စွပ်လေး နှစ်ကွင်းကို Hyunjin ပြုံး၍ ကြည့်နေသည် ၊ လက်ဖျားတွေဆီက အအေးဓာတ်ကို ခံစားမိကာမှ ဘူးကို ပိတ်လို့ လက်နှစ်ဖက်ကိုပါ အင်္ကျီအိတ်ကပ်ထဲ ထည့်လို့ Yongbok အလုပ်,လုပ် နေတဲ့ ဆိုင်ဆီ ထွက်လာလိုက်သည် ။
ဆိုင်နားမှာ ဆောင့်ကြောင့်လေးထိုင်လို့ Yongbok က သူ့အလာကို စောင့်နေသည် ။
"စောင့်ရတာ ကြာသွားလား Yongbokie~"
"အွန်း!နည်းနည်း ၊ မြန်မြန်သွားရအောင် အေးတယ်"
"လာ ဟို ကော်ဖီဆိုင်မှာ ချောကလက်ပူပူလေး သွားသောက်ရအောင်"
"အွန်း သွားရအောင်"
_______ကော်ဖီဆိုင်က ဒီနေ့ လူမရှိသလိုပဲ ၊ အရင်ကလည်း ဒီဆိုင်က လူရှင်းပေမဲ့ ဒီနေ့တော့ တစ်ယောက်မှကို မရှိတာ ၊ တစ်ဆိုင်လုံးမှာ ၀န်ထမ်းကောင်မလေး နှစ်ယောက်ရယ် ၊ သူတို့နှစ်ယောက်ရယ်သာ ရှိသည်။
"ဟော~နှင်းကျလာတာပဲ"
ပြတင်းပေါက်အပြင်ဖက်ကို ကြည့်ရင်း Yongbok က ဆို၏။
"အဲ့ဒါခဏထားလိုက်ပါဦး ၊ ကိုယ်ပြောစရာရှိတယ်"
"အွန်း!ပြောလေ"
တစ်ကယ်တမ်းပြောရမယ်ဆိုတော့ Hyunjin ပါးစပ်က ထွက်မလာတော့ ၊ ဘယ်ကနေ စပြောရမှန်းလဲမသိ ၊
"ပြောလေလို့"
Hwang က ဒူးတစ်ဖက်ကိုထောက်ရင်း လက်စွပ်ဘူးလေးကို ဖွင့်လိုက်တော့ Yongbok အံ့သြတကြီးဖြစ်သွားရသည် ၊ အခု ငါက လက်ထပ်ခွင့် အတောင်းခံနေရတာလား
YOU ARE READING
You Lie | Completed
FanfictionHyunlix story ; written in Burmese ᡣ𐭩 A serial killer and a hair stylist .