အပ်ကျသံပင် ကြားရလောက်အောင် အိမ်တစ်ခုလုံးက တိတ်ဆိတ်နေသည် ၊
"Hwang!"
တုံ့ပြန်မှုမရှိ ၊
"Hwang လို့ဆို"
ဒီတစ်ခါလည်း ဘာတုံ့ပြန်မှုမှမရှိ ၊
"အိပ်နေတာများလား"
Yongbok အိပ်ခန်းထဲကို ၀င်ခဲ့ပေမဲ့ အိပ်ခန်းထဲမှာလည်း ဘယ်သူမှမရှိ ၊ နေပါဦး တစ်ခုခုတော့ လွဲနေသလိုပဲ ၊
Hwang သူ့ကို စ,ဖို့ ပုန်းများပုန်းနေတာလား ဆိုတဲ့ အတွေးနဲ့ အိမ်တစ်ခုလုံးကို ရှာကြည့်ပေမဲ့ ဘာမှမတွေ့ ၊
ရုတ်တရက် Yongbok ရဲ့ အာရုံတွေသည် ထမင်းစားပွဲပေါ်က အ၀ါရောင် စာရွက်အပိုင်းအစလေးပေါ်ကို ရောက်သွားသည် ၊
_____"ဒီကို အစ်ကို့အမျိုးသား လာသေးလား ညီမလေး"
"မလာဘူးရှင့် ၊ ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ပါဘူး ဒီတိုင်းပါပဲ"
သူတို့ နှစ်ယောက်ရဲ့ အမှတ်တရတွေအများကြီးရှိတဲ့ ကော်ဖီဆိုင်လေးကို ရောက်လာခဲ့ပေမဲ့ ဒီမှာလည်း သူ့အမျိုးသား ရှိမနေပါ ၊ တစ်ကယ့်ကို တစ်ခုခုတော့ လွဲနေပြီ ။
"ဟယ်!အဲ့တာ လွန်ခဲ့တဲ့ ၂နှစ်က ပျောက်သွားတဲ့ ဟို လူသတ်သမားမလား"
"အေးဟယ်! ငယ်ငယ်လေးပဲရှိသေးတယ်နော် ၊ ရုပ်ကလေးက ချောမဲ့ပုံပဲကို"
"မထင်ရဘူးနော်!"
"အေးလေ ရက်စက်လိုက်တာ!"
မိန်းကလေးတွေရဲ့ တစ်ယောက်တစ်ပေါက် ပြောသံတွေကြောင့် Yongbok T.V ကို လှမ်းကြည့်မိသည် ၊
T.V မှာလာနေတဲ့ ကြားဖြတ် အရေးကြီးသတင်းက လွန်ခဲ့တဲ့ ၂နှစ်လောက်က ပျောက်သွားတဲ့ ပုဆိန်လူသတ်သမားလို့ လူသိများကြတဲ့ လူသတ်သမားရဲ့ ပုံကြမ်း ၊ အဝေးကနေ ရိုက်ထားသလို ၊ ခိုးကြောင်ခိုး၀ှက် ရိုက်ထားသလို ထင်ရတဲ့ ၀ါးတားတား ဓာတ်ပုံတစ်ပုံ ၊ နောက်ပြီး လူသတ်သမားရဲ့ ထင်ရှားတဲ့ အမှတ်သညာဖြစ်တဲ့ လည်ပင်းက တက်တူးပုံ ၊ လူသတ်သမားကို တွေ့တဲ့ နေရာမှာ အကြောင်းကြားပေးဖို့နဲ့ တွေ့တဲ့သူကို ဆုငွေချမယ်လို့တောင် ပြောထားသေးသည်
YOU ARE READING
You Lie | Completed
FanfictionHyunlix story ; written in Burmese ᡣ𐭩 A serial killer and a hair stylist .