"ဒီနေ့လည်း Hwang လာစောင့်ရင် ကောင်းမှာပဲ"
ပစ္စည်းတွေသိမ်းဆည်းလို့ အိမ်ပြန်ဖို့ပြင်နေရင်းမှ Yongbok တွေးမိပါ၏။
တစ်ပတ်လောက် ပုံမှန်အိမ်ပြန်လိုက်ပို့ပေးတဲ့ လူရှိတော့ Lee Yongbok တို့ အကျင့်ပျက်ချင်ပြီ ၊ ပါးစပ်ကသာ အကန်တွေပြောနေပေမဲ့ လည်သာကုတ်အမည်းကြီး၀တ်လို့ မာဖလာကြီးပတ်ထားပြီး သူအလုပ်ဆင်းတဲ့အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေတဲ့ Hwang ကို မြင်ရသည်မှာ စိတ်လုံခြုံပါ၏။ ထိုအမျိုးသား နာမည်က Hwang Hyunjin ဆိုတာ သိပြီးကတည်းက Hwang ဆိုတဲ့ နာမ်စားကို တိတ်တဆိတ်ပေးထားပြီးသား ၊ ချစ်ခြင်းတွေသည် ဘယ်မချိန်ကတည်းက Yongbok နှလုံးသားထဲမယ် ၀င်ရောက်လာခဲ့သလဲ Yongbok ပင်မသိ ။
______Yongbok သည် ဆိုင်ရှေ့မှာ ငူငူကြီးငါးမိနစ်လောက် ရပ်နေမိသည် ၊ လူက နေရင်းထိုင်ရင်း ငိုချင်လာသည် ၊ ငိုချင်ရတဲ့ အကြောင်းကို ပြန်တွေးမိတော့လည်း ရယ်ချင်လာပြန်ရော ။
ရပ်နေလည်း ဘာမှထူးမလာတာကြောင့် အိမ်ကိုတစ်ယောက်တည်း လမ်းလျှောက်လာခဲ့သည်။
"လူတိုင်းက အမြဲဘေးနားမှာမနေနိုင်ဘူးလေ တစ်ယောက်တည်းနေတတ်အောင် ကြိုးစားရမှာပေါ့ Lee Yongbok ရဲ့"
"Yongbokie!"
"တွေ့တာတောင် တစ်ပတ်မရှိသေးဘူး အသံတွေတောင်နားထဲကြားယောင်နေပြီ"
Yongbok သည် ရှေ့ကိုသာ ခပ်သွက်သွက်ဆက်လျှောက်မိပါ၏။ သူ အိမ်ကိုပြန်ရောက်ချင်နေပြီ သူပင်ပန်းနေပြီ ။
"ဟေ့!ကြက်ပေါက်စ!"
ဒီတစ်ခါတော့ ပုခုံးတစ်ဖက်ကို လာပုတ်တဲ့ လက်ကြောင့် Yongbok ကြောင်အ,အ ဖြစ်ရသည် ၊ ငါ ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ပါဘူးနော် ၊ သိလိုစိတ်နဲ့ အနောက်ကိုလှည့်ကြည့်တော့ မျှော်နေသူကို မြင်ရတာမလို့ Yongbok ရင်ထဲပျော်သွားတာကိုတော့ မညာ၊
"လိုက်ရတာ မောလိုက်တာ bokie ရယ် ၊ လမ်းလျှောက်တာကလည်း တစ်ကယ့်ကြက်ပေါက်စ အတိုင်းပဲ ၊ ခေါ်တာကိုလည်း လှည့်မကြည့်ဘူး ၊ ကိုယ့်ကိုလည်း မစောင့်ဘူး အစောကြီးပြန်သွားတယ် "
အလိုမကျဟန်ဖြင့် ပြောနေသည့်သူကြောင့် Yongbok စိတ်ထဲပြုံးမိပါ၏။ ဒီတစ်ယောက်ကတော့ သူ့အသက်နဲ့မှမလိုက် သူ့ထက်နှစ်,နှစ်ငယ်တဲ့ ကလေးကို စိတ်လာကောက်ချင်နေတာပဲ~!
YOU ARE READING
You Lie | Completed
FanfictionHyunlix story ; written in Burmese ᡣ𐭩 A serial killer and a hair stylist .