Final

1K 47 11
                                    

One year later..

ဂုတ်ထိထောက်နေတဲ့ ရွှေအိုရောင် ဆံပင်တွေကို သပ်သပ်ရပ်ရပ် ဖြစ်အောင် Yongbok မှန်ထဲကို ကြည့်ရင်း ပြင်လိုက်သည် ၊ ထမင်းစာပွဲပေါ်က ဖုတ်ပြီးကာစ ပူပူနွေးနွေး brownie ဘူးလေးကိုလည်း လက်သုတ်ပဝါ အညိုကွက်လေးနဲ့ ထုပ်လိုက်သည် ၊ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင် ၊ ယူစရာရှိတဲ့ ပစ္စည်းတွေ ယူပြီးတော့ အိမ်အပြင်ကို ထွက်လာလိုက်သည်။

"ချစ်တယ်နော်"

သူ့ကို ရင်ခွင်ထဲထည့်လို့ ပြုံးနေသည့် ထိုအမျိုးသားရဲ့ ဓာတ်ပုံကို ကြည့်ရင်း Yongbok ပြောလိုက်ခြင်းဖြစ်သည်။
_____

မှာထားတဲ့ ချောကလက်ကို စောင့်ယူနေရင်း မှန်ပြတင်းပေါက်တွေဆီကို လှမ်းကြည့်မိတော့ လမ်းမထက်မှာ နှင်းတွေကျနေပြီ ၊ ဆောင်းရာသီတောင် ရောက်လာပြီပဲ ၊ လမ်းမထက်က ဆီးနှင်းဖြူဖြူတွေကို မြင်တော့ Yongbok လက်ထပ်ခွင့်တောင်းခံခဲ့ရတဲ့နေ့ကို ပြန်သတိရမိသည် အဲ့နေ့တုန်းကလည်း နှင်းတွေကျနေခဲ့တာပဲလေ ၊ လွမ်းလာတိုင်း ပြေးတွေ့လို့မရတော့မဲ့ အခြေအနေတစ်ခုကို ရောက်လာမယ်မှန်း သိခဲ့ရင် အများကြီးပိုချစ်ပေးခဲ့မှာ ။

"မှာထားတဲ့ ချောကလက်ရပါပြီ အစ်ကို"

"ကျေးဇူးနော် ညီမလေး"

"အစ်ကို့ အမျိုးသားကို သွားတွေ့မလို့လား"

"အင်း"

Yongbok 'အင်း'တစ်လုံးသာပြန်ဖြေပြီး ထွက်လာခဲ့သည် ၊ ဆိုင်ဝန်ထမ်းကောင်မလေးဆီက သူ့ကို သနားတဲ့ အကြည့်တွေကို သူလက်မခံနိုင်။
______

"Brownie တွေ ယူလာတယ် ၊ နောက်ပြီး နှင်းတွေလည်းကျနေတယ်"

Yongbok ကိုတွေ့တော့ Hyunjin ကိုစောင့်ပေးရတဲ့ ကောင်လေးက စာအုပ်လေးပိုက်လို့ ပြုံးပြပြီး တစ်ခြားနေရာကို ရှောင်သွားသည် ၊

"ကျွန်တော်တို့နှစ်ယောက် အရမ်းသဲကဲလို့ ရှောင်သွားတာဖြစ်မယ်"

Yongbok က ပြုံးရိပ်သန်းလို့ ဆိုပေမဲ့ Hyunjin က ပြုံးမလာ

"ကျွန်တော်လာတာကို ဝမ်းမသာဘူးလား"

"ဆံပင်အရောင်ဆိုးလိုက်တာပဲ ကိုယ့်ကိုတောင် မပြောဘူး"

"ဟော~စိတ်ကောက်တာလား"

You Lie | CompletedWhere stories live. Discover now