Chp.7

465 55 5
                                    

Yongbok သည် အခန်းထောင့်ရှိ အိပ်ယာပေါ်တွင် စောင်ကြီးခြုံပြီး လှဲနေသည် ၊ အချိန်ကား မနက်ခင်းကို ကျော်လို့ နေ့လည်ပင် ရောက်နေပြီ ၊ ဒီနေ့က တနင်္ဂနွေနေ့မလို့ Yongbok အလုပ်မသွား ၊ သွားချင်စိတ်လည်းမရှိ ၊ မနေ့က အကြောင်းကို ပြန်တွေးတော့ မျက်နှာတွေ ပူထူလာသည်မလို့ စောင်ကြီးကိုသာ ခေါင်းထိ ဆွဲခြုံလိုက်သည်။
________
phone screen ပေါ်က Yongbok ရဲ့ contact name ကိုသာ Hyunjin တွေတွေကြီး စိုက်ကြည့်နေသည် ၊ ဖုန်းခေါ်လိုက်ရမလား?မကိုင်ရင်ရော?ခေါ်ကြည့်ရမလား?block သွားရင်ရော?

ရေချိုးခါနီးမလို့ Hyunjin သည် အပေါ်ပိုင်းဗလာနှင့် ၊ Hyunjin ခေါင်းထဲမှာ အတွေးတွေ ယောက်ယက်ခတ်နေသည် ၊သူ သည်လည်းရူးချင်နေပြီ ဖြစ်သည် ။

"အား!မနေ့က အဲ့လိုမလုပ်ခဲ့ရင်ကောင်းသား အခုတော့ သပ်သပ်မဲ့ မျက်နှာပူစရာ"

မနေ့က Yongbok ကို သူ နမ်းလိုက်ပြီးကတည်းက အခုထိ Yongbokနဲ့ စကားပင်မပြောရသေး မပြောရဲတာဆို ပိုမှန်မည် ၊ သူပြောသမျှကို နားထောင်နေသည့် Yongbok သည် ချစ်စရာကောင်းလှသည်မလို့ Hyunjin မနေနိုင်စွာ နမ်းမိသည် ၊ နှုတ်ခမ်းသားလေးတွေက တွေးထားသည့်အတိုင်းပင် စတော်ဘယ်ရီသီးတွေလို အိစက်လို့ ၊

"ထပ်နမ်းချင်လိုက်တာ"

"ဟာ!Hwang Hyunjin မင်း ဘာတွေလျှောက်တွေးနေတာလဲ!"

Hyunjin သည် ကိုယ့်ပါးကို ခပ်ဖွဖွရိုက်လို့ ရေချိုးခန်းထဲကို ၀င်သွားတော့သည်။
_____
*phone rings*

ဖုန်းသံကြောင့် Hwang လား ဆိုတဲ့ အတွေးနဲ့ Yongbok ဖုန်းကို အမြန်ကောက်ကိုင်မိသည် ၊ မြင်လိုက်ရတဲ့ contact name ကြောင့် စိတ်ထဲမကျေမနပ်ဖြစ်သွားမိတာတော့ အမှန် ၊

"Felix yarr~!"

သူ့နာမည်ကို သံရှည်ဆွဲလို့ ခေါ်နေတဲ့ Han Jisung ရယ်ပါ

"အေး Jisung ပြော"

"ငါ Seungmin ကို ခေါ်ထားတယ်သိလား!"

"အွန့်!"

"...."

"ဆက်ပြောလေ!"

"ဟိုဟာလေ"

"ဘယ်ဟာလဲ ပြောဆို မင်းမပြောရင် ငါချလိုက်တော့မယ်!"

You Lie | CompletedWhere stories live. Discover now