"ပြောစရာရှိတယ်ဆို ပြောလေ"
တိတ်ဆိတ်နေတဲ့ လေထုကို Yongbok ကစပြီး ဖြိုခွဲလိုက်၏။ ပြောစရာရှိတယ်ဆိုလို့ ကော်ဖီဆိုင်မှာထိုင်နေကြတာ နာရီ၀က်လောက်ရှိတော့မယ် ၊ အခုထိ စကားတစ်ခွန်းမှ ပြောမလာ ။
"အာ..ပြောမယ်"
"အင်း ပြော"
"ကိုယ် Yongbok ကို ကိုယ့်အပိုင်အဖြစ် ခေါင်းစဥ်တပ်ချင်တယ်"
"အဟွတ်!အဟွတ်!"
သောက်နေတဲ့ ရေတွေတောင် သီးကုန်ပြီ ၊ Hwang က သူ့ကိုသဘောကျတယ်ဆိုတာ သိပေမဲ့ အခုလိုကြီး သေချာဖွင့်မပြောဖူးတော့ သူလည်း အဖြေပြန်ပေးတာမျိုး မလုပ်ဖြစ် ၊ အခုတော့ အဖြေပြန်ပေးရတော့မှာပေါ့ စိတ်ညစ်လိုက်တာ အား!
"ဖြေးဖြေးသောက်လေ Yongbok ရယ် ၊ ရော့!တစ်ရှုးယူပြီးသုတ်လိုက်ဦး"
Hwang ကမ်းပေးတဲ့ တစ်ရှုးကိုလှမ်းယူပြီး စကားစဖြတ်ဖို့ Yongbok လုပ်ရသည် ၊ ဒီလိုအခြေအနေကြီးကို သူသိပ်သဘောမကျ ၊
"Hyunjin na ကျေးဇူးနော် ၊ အခုပြန်ရအောင်လေ"
"နေဦးလေ ပြောလို့မှ မပြီးသေးဘဲ ထိုင်ပါဦး"
Yongbok ငြိမ်ငြိမ်လေးဆက်ထိုင်ရပါ၏။
"ကိုယ်ဒီလိုပြောတာကို ပေါ့ပေါ့တန်တန်လို့ သဘောမထားစေချင်ဘူး ၊ ဘာလို့ဆိုရင် ကိုယ်ဒီစကားပြောဖို့ကို ဘယ်လောက်အချိန်ယူပြီး ဆုံးဖြတ်ခဲ့ရလဲ ကိုယ်သာအသိဆုံးမလို့ ၊ ပြီးတော့..ကိုယ့်ဘက်က ဖွင့်ပြောလိုက်တယ်ဆိုပြီး ကိုယ့်ကို ရှောင်တာမျိုးတွေ ဘာတွေလည်း မလုပ်စေချင်ဘူး ၊ ၀န်ထုပ်၀န်ပိုးလိုလည်း မမြင်စေချင်ဘူး ၊ Yongbok က ကိုယ့်ကိုငြင်းမယ်ဆိုတာလည်း သိပါတယ် ၊ ငြင်းလိုက်ရင်လည်း အရင်လို အနားမှာနေလို့တော့ ရမယ်မလား ၊ သူငယ်ချင်းတွေလိုပဲဖြစ်ဖြစ်လေ ၊"
"ရေသောက်ဦးမလားဟင်"
"ဟမ်!"
ရေခွက်ကို ထိုးပေးပြီး မေးလာသူကြောင့် Hyunjin အောင့်သက်သက်ဖြစ်သွားသည် ၊ သူ့မှာတော့ ၂ရက်လောက်ကြိုပြီး အလွတ်ကျက်လာရတာကို ၊
"အရှည်ကြီးပြောသွားတာဆိုတော့ မောနေမှာစိုးလို့ ၊ ရေသောက်ဦးမလားလို့"
"Yongbok.."
"နေဦး မပြောနဲ့ဦး ၊ ကျွန်တော်ပြောတာ နားထောင်ဦး"
"ကျွန်တော်က Hyunjin shii ကို ငြင်းတယ် ၊ မငြင်းဘူးတောင် သေချာမပြောရသေးဘဲနဲ့ Hyunjin shii က အတင်းတွေ ငြင်းခိုင်းနေတော့တာပဲနော်"
"မဟုတ်ပါဘူး အများကြီးမျှော်လင့်ထားပြီးထင်တဲ့အတိုင်းဖြစ်မလာရင် ပိုခံစားရမယ်မလား"
"အစကတော့ ဒီကနေ ပြန်ရင် လမ်းမှာ အဖြေပေးမလို့ပဲ ၊ အခုတော့ Hyunjin shii က သူငယ်ချင်းလိုနေချင်နေတာဆိုတော့ စဥ်းစားဦးမယ်"
"ဟမ်!မနေချင်ပါဘူး ဘယ်သူက သူငယ်ချင်းဖြစ်ချင်တယ် ပြောလို့လဲ"
"သြော်..အဲ့တာဆို ညီအစ်ကိုတွေပေါ့"
"ဟမ်!မဖြစ်ချင်ပါဘူး သူငယ်ချင်းရော ၊ ညီအစ်ကိုရော"
"အဲ့တာဆို နောက်ထပ်မတွေ့ပဲနေရအောင်နော်"
"ဟင်!ဘာလို့လဲ! Yongbok ခနနေဦးလေ"
Yongbok drama တွေထဲက မင်းသမီးက မင်းသားကို လမ်းခွဲလိုက်တဲ့ မျက်နှာထားမျိုးနဲ့ ပြောပြီး ဆိုင်ထဲက ထွက်လာလိုက်သည် ၊ Hwang Hyunjin ကြီးကတော့ အနောက်ကနေ ပြေးလိုက်လာလေရဲ့ ၊
"Yongbok ခန"
လက်ကိုဆွဲလို့လာပြောသူကြောင့် ခြေလှမ်းတွေကို Yongbok ခန ရပ်တန့်မိပါ၏။
"ဟုတ်ကဲ့ ပြောပါ"
"ဘာကို စိတ်ဆိုးသွားတာလဲ Yongbok ရာ ကိုယ်ဘာပြောမိလို့လဲ"
"ဟော~Hyunjin shii ပဲ သူငယ်ချင်းရော ညီအစ်ကိုရော မဖြစ်ချင်ဘူးဆို အဲ့လိုဆိုမှတော့ ထွက်သွားရုံပေါ့"
"မဟုတ်ဘူးလေ ကိုယ်က.."
"အင်း ဆက်ပြော"
"ကိုယ်က Yongbok ကို အိမ်ထောင်စုစာရင်းထဲက ကိုယ့်ရဲ့အမျိုးသားနေရာမှာ ရှိစေချင်တာ"
Yongbok ဘာမှ ပြန်မပြောမိ ၊
"ကိုယ်သိပါတယ် ၊ ကိုယ်တို့၂ယောက် သိကြတာ သိပ်မကြာသေးမှန်းကို ၊ ဒါပေမဲ့ ကိုယ်က Yongbokကို တစ်ကယ် လေးလေးနက်နက်နဲ့ သဘောကျ..မဟုတ်သေးဘူး..ချစ်တာကို ယုံပေးရင်ကောင်းမယ် ၊ ကိုယ့်ကို မငြင်းရင်လည်း ပိုကောင်းမယ် ကိုယ်က အများကြီးချစ်ပေးမှာမလို့"
ဆောင်းဦးရာသီရဲ့ ညနေခင်းမှာ တိုက်ခတ်တဲ့လေက သိပ်ကို အေးမြသည် ၊ သူ့မျက်စိရှေ့မှာရှိနေတဲ့ Lee Yongbok ဆိုတဲ့ အသက်တစ်မျှချစ်ရတဲ့ အသက်ဓာတ်ကလေးကတော့ တိုက်ခတ်လာတဲ့လေထက် Hwang Hyunjin ရင်ထဲကို ပိုပြီးအေးမြစေပါ၏။
____19/November/2022
YOU ARE READING
You Lie | Completed
FanfictionHyunlix story ; written in Burmese ᡣ𐭩 A serial killer and a hair stylist .