Chp.23

292 33 0
                                    

Two years later...<3

"မင်း အဲ့လို ဆက်လုပ်နေရင် မဖြစ်တော့ဘူးနော်"

"အဲ့တော့ ခင်ဗျားက ဘာလုပ်ချင်လို့လဲ!"

"ဘာလို့ ကိုယ့်ကို ခံပြောနေတာလဲ"

"ပြောချင်လို့လေ!"

"Yongbok မင်း အဲ့လို ဆက်ပြောနေရင် ကိုယ်.."

"ဘာဖြစ်လဲ! ဘာလုပ်ချင်လို့လဲ! ပြောလိုက်လေ!"

"ထိုင်ကန်တော့လိုက်မှာနော်!"

"ဟမ်!"

"ဟုတ်တယ် တစ်ကယ် လက်အုပ်ချီပြီး ထိုင်ကန်တော့ပစ်မှာ ၊ စိတ်ဆိုးပြေပါတော့ Yongbok ရယ် ဆိုပြီး"

စိတ်ဆိုးနေတာ ပျောက်ပြီး Yongbok ရယ်ပါရယ်ချင်လာသည် ၊ ဒီလူကတော့လေ စိတ်တောင် ကောင်းကောင်းပေးမဆိုးဘူး ၊

စိတ်ဆိုးရတဲ့ အကြောင်းအရင်းကလည်း Hyunjin က Yongbok ကို မပြောပဲ ဘယ်ဘက်က လက်ကောက်၀တ်မှာ Yongbok နာမည်လေးကို တက်တူးထိုးလာလို့ ဖြစ်သည် ၊

ကိုယ့်ယောကျ်ားက ကိုယ့်နာမည်ကို အမြတ်တနိုးနဲ့ အသားပေါ်မှာ ရေးထားတာကို မကြိုက်တဲ့သူ ဘယ်သူရှိမှာလဲ ၊ ဒီက သူနာမှာစိုးလို့ စေတနာနဲ့ပြောတာကို တက်တူးသွားထိုးဖို့ ခွင့်တောင်းတုန်းကလည်း နှစ်ယောက်သား ရန်ဖြစ်ပြီးပြီ ၊ အဲ့တာတောင် ရအောင်သွားထိုးလာသေးသည် ၊ လည်ပင်းက တက်တူးကိုတောင် Yongbok က သဘောကျတာမဟုတ် ၊

"ကိုယ်က Yongbok ကို ချစ်လို့ Yongbok နာမည်လေးကို ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ ရေးထားတာလေ ၊ အဲ့တာလေးက ကိုယ်သေတဲ့အထိပါသွားတော့မှာ"

Hyunjin က Yongbok ရဲ့ ခါးသိမ်သိမ်လေးကို နောက်ကျောကနေ သိုင်းဖက်ရင်း ပခုံးလေးပေါ် မေးတင်ကာ ဆို၏။

"သိတယ်လေ ၊ ဘယ်သူကရော ကိုယ့်ယောကျ်ားက ကိုယ့်နာမည်ကို ရေးတာကို မကြိုက်မှာလဲ ၊ ကျွန်တော်က Hwang အသားနာမှာရော ရောဂါရမှာရော စိုးရိမ်လို့ ပြောတာပေါ့"

"ကိုယ်ဘာမှ မဖြစ်တာမလို့ မစိုးရိမ်ပါနဲ့ကွာ"

"ပြီးရော နောက်တစ်ခါဆို ကျွန်တော်ပြောတာ နားထောင်ရမယ်နော်"

"ဟုတ်ကဲ့ပါ သခင်လေး Lee Yongbok"

Hyunjin က 'သခင်လေး' လို့ တင်စားပြီးပြောတော့ Yongbok က ရယ်၏၊

သူနဲ့ Hwang နဲ့ လက်ထပ်တာ နှစ်,နှစ်ပြည့်ပြီ ၊ Hyunjin ကလည်း အလုပ်,လုပ်နေတာမလို့ စား၀တ်နေရေးအတွက် စိတ်မပူရ ၊ ယောကျ်ားလေး နှစ်ယောက်ဖြစ်တာမလို့ ကရိကထလည်း သိပ်မများပေ ၊

ချစ်ခြင်းတရားတွေကိုတော့ အလုပ်ကအပြန်မှာ Yongbok အတွက် Hyunjin
၀ယ်လာတဲ့ Chocolate နွေးနွေးလေး (ဒါမှမဟုတ်) Hyunjin အလုပ်မှာစားဖို့ Yongbok ကိုယ်တိုင် ဖုတ်ပေးတဲ့ Brownie လေးတွေကနေ တစ်ဆင့် ခံစားနေရဆဲပင် ။
_______

"Yongbok yarr~"

"ဗျာ!"

"ချစ်တယ်နော်"

"ချစ်တယ် Yongbok"
______

အလုပ်ချိန်ကြီး ဖုန်းဆက်လာပြီး 'ချစ်တယ်' ဆိုတဲ့ စကားကို အဆက်,စပ် မရှိပြောလာပြီး ဖုန်းချသွားသူကြောင့် Yongbok စိတ်ထဲ အနည်းငယ်လေးလံ လာသည် ၊

"ဘာမှဖြစ်မှာမဟုတ်ပါဘူး ဘာတွေလျှောက်တွေးနေတာလဲ Lee Yongbok"

Yongbok မဟုတ်က,ဟုတ်က အတွေးတွေကို ဖျောက်ပစ်ပြီး အလုပ်ထဲသာ စိတ်နှစ်ထားလိုက်တော့သည် ၊ စိတ်ထဲမယ် တစ်ခုခုကို မတင်မကျဖြစ်နေတာမလို့ ဒီနေ့တော့ အိမ်ကို စောစောပြန်ရမယ်လို့သာ တွေးထားလိုက်သည်။

_

နှင်းဆီခုနှစ်ပွင့်ရဲ့ အဓိပ္ပာယ်က 'နက်ရှိုင်းတဲ့ချစ်ခြင်း' တဲ့
_

Yongbok,Hwang ကို ​ပေးဖို့ ၀ယ်လာတဲ့ နှင်းဆီခုနှစ်ပွင့်ကို ပိုက်လို့ အိမ်ကို ပြန်လာခဲ့သည် ။

"တစ်ခုခုများ ဖြစ်လို့လား မသိ"

ရဲကားတွေ လမ်းမထက် ရှုပ်ရှပ်ခက်နေတာမလို့ တစ်ခုခုဖြစ်တာလားလို့ တွေးမိသေးသည် ၊ ဒါပေမဲ့ ဒါတွေကို Yongbok ကြာကြာ ဂရုမစိုက်အား ၊ လက်ထဲမှာ ပိုက်ထားတဲ့ နှင်းဆီလေးတွေ အပွန်းအပဲ့မရှိအောင် သေချာဂရုစိုက်လို့ အိမ်ကိုသာ အမြန်ပြန်ရသည် ၊ Hwang သူ့ကို စောင့်နေတော့မှာ ၊ သူကလည်း Hwang နဲ့ တွေ့ချင်လှပြီ မဟုတ်ပါလား။
_____

8 / December / 2022

You Lie | CompletedWhere stories live. Discover now