-2-(U)

416 49 10
                                    



2

ကားပေါ်မှာ တိတ်ဆိတ်စွာလိုက်ပါလာရင်း လက်ထဲက AirPods Pro ဘူးလေးကို လှည့်ဆော့နေလျက်က Damien အကြောင်းတွေးနေမိသည်။

AirPods တစ်ဖက်ပျောက် သွားတယ်လို့ပြောတာနဲ့ ဆူမယ်ထင်ထားပေမယ့် ချက်ချင်းအသစ်တစ်စုံ လိုက်ဝယ်ပေးသည့် ထိုလူရဲ့ သူ့ အပေါ် သဘောထားကို မခန့်မှန်းတတ်ပါ။ လိုတာမှန်သမျှ ဖြည့်ဆည်းပေးတတ်ပေမယ့် လူကို စကားပင်ကောင်းကောင်းမပြောဘူးမဟုတ်လား။ ဆေး ကသာ တောက်လျှောက်စကားလိုက်ပြောနေရတာ အရူးလိုပဲ။  တစ်ခါတလေ သူမကြည်ရင် ရုပ်တည်ကြီးနဲ့ကြည့်ပြီး "စကားများတယ်" လို့ပြောတတ်သေးတာ။

ဆေးဟာ ရုတ်တရက်ကြီး ဒီလူကို လက်ထပ်ခဲ့ရတာ။ ဖေဖေ မေမေ တို့မရှိတော့ကထဲက ဆေးကို စောင့်ရှောက်လာတဲ့  လေးလေး၏ တစ်ချက်လွှတ်အမိန့်ကို ဆေး ငြင်းဆန်နိုင်စွမ်းမရှိ။

ခန်းဝါသိုးထိန်း ဟာ လူပျို လူလွတ် ။
ခန်းဝါသိုးထိန်းဟာ အနေအထိုင်တည်ကြည်ပြီး ရုပ်ရည်ခန့်ညားတယ်။
ခန်းဝါသိုးထိန်းဟာ အင်မတန်အရည်အချင်းရှိပြီးညာဏ်ထက်တဲ့လူ။
ခန်းဝါသိုးထိန်းကို လိုချင်သူတွေ ဒုနဲ့ဒေး ။
ခန်းဝါ သိုးထိန်းရဲ့ ပိုင်ဆိုင်မှုတွေဟာ ရေတွက်လို့ပင်မရ။
ခန်းဝါ သိုး ထိန်းဟာ ဘာဖြစ်တယ် ညာဖြစ်တယ်။
မရေမတွက်နိုင်တဲ့ ဂုဏ်ပုဒ်တွေနဲ့ အဲ့လူကိုမှ မယူရင် မိုရာဆေးဟာ ချက်ချင်းလမ်းဘေးရောက်တော့မလိုလို။

အသက်ငယ်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်တည်နိုင်သေးတဲ့အပြင် ဂုဏ်ရှိန်ကြီးမားလှတဲ့ လေးလေးရဲ့ အရိပ်အောက်မှာနေရတဲ့ မိုရာဆေးက မလွှဲသာလို့ လက်ထပ်လိုက်ရတယ်ပဲ ထားပါတော့ ။ ဆေး ထက် ဆယ်နှစ်ကျော် ပိုကြီးတဲ့ သူကကျတော့ရော ဘယ်သူ့ပယောဂ ကြောင့်လဲ။

အိမ်ထောင်သက် သုံးလ အတွင်းမှာ သူ့ကို မထင်ရင်မထင်သလို နမ်းတတ်တာကလွဲလို့ ကျန်တာကို စည်းကျော်ခြင်းမရှိသေးတဲ့ ဒီလူက ကြည့်ရတာ.. ကိလေသာကုန်နေတာလား ဒါမှမဟုတ်..

"မိုရာဆေး"

"ဟင်"

"ဘာတွေတွေးနေလို့ ကိုယ်မေးနေတာမကြားရတာလဲ"

CandyWhere stories live. Discover now