11
မနက်စောစောမှာ ညက တစ်ညလုံးပြင်ထားသော luggageကို ဆွဲပြီး Damien ၏ အခန်း ရှေ့တွင်ရပ်သည်။ တစ်ညလုံးပြင်ထားရသည်ဆိုသော်လည်း အထဲတွင်အဝတ် နှစ်စုံသာပါ၏။ မာန်ကိုတင်းရင်း အသက်ဝဝရှူကာ တံခါးကိုခေါက်လိုက်သည်။
ဒီလူကြီးနဲ့ အဆင်ပြေဖို့ ကြိုးလည်းမကြိုးစားချင်တော့ပါ ၊ ရှိနေတဲ့ခံစားချက်တွေကိုလည်းထုတ်မပြချင်တော့ပါ။ မုန်းတယ်.. မုန်းတာပဲသိသည်။ ညက တစ်ညလုံး အိပ်မပျော် ပဲလူးလှိမ့်ရင်းမိုးလင်းသွားရသော်လည်း သူကတော့ နွယ် နှင့်ပတ်သက်လို့ ဘာမှတောင်ဖြေရှင်းဖော်မရပဲ အိပ်နိုင်သေးသည်တဲ့လား။
တကယ်ဆိုမချစ်ပဲယူထားတယ်ဆိုရင်တောင် ဆေး ဟာ သူ့ အိမ်ထောင်ဖက်ပဲမို့လား ။ စိတ်ဆိုးတာဖြစ်သင့်ပါတယ်လေ။
ကိုယ့်ကိုယ်ကိုယ် ဆင်ခြေ ပေးနေဆဲမှာချက်ချင်းပွင့်လာတဲ့တံခါးနဲ့ အတူ အပေါ်ပိုင်းဗလာကျင်းလျက် ရေစက်တွေ တွဲခိုနေသည့် Damien ကိုတွေ့လိုက်ရသည်။ ရင်အုပ်ကျယ်ကျယ်နှင့် ချပ်ကပ်နေသော ဝမ်းဗိုက်တွင် ကြည့်ကောင်းလှသော ကြွက်သားအတုံးလေးတွေနဲ့အတူ ၊ တဘက်ဖြင့် ရေစိုနေသည့်ဆံပင်တွေကိုသုတ်နေတာကြောင့် လက်မောင်းကြွက်သားတွေအမြှောင်းလိုက်မြင်နေရပုံက မြှူဆွယ်ချင်နေသလို။
"အားး"
ရုတ်တရက် ဒိုင်းခနဲခုန်သွားသောရင်ဘတ်နဲ့အတူ လန့်အော်လိုက်မိတော့ Damien က မျက်ခုံးတွေကို လှလှပပ ပင့်သည်။
"အဲ့လောက်လန့်စရာလား"
"မ မလန့်ပါဘူး ဘယ်သူကလန့်လို့လဲ အိမ်အရမ်းပြန်ချင်နေပြီ ပြန်လိုက်ပို့ပေးမယ်ဆို"
"နေကောင်းပြီမို့လို့လား"
"အများကြီး သက်သာနေပါပြီ"
"တကယ်ပြန်တော့မလို့လား"
ဘာဖြစ်လို့ပြန်မှာလဲလို့တော့ မေးဖို့မတတ်ဘူးထင်ပါ၏။ ဆေး ရဲ့မကျေနပ်မှု ဒီဂရီတွေက တရိပ်ရိပ်တက်လာရသည်။
"ပြန်မှာ ကျွန်တော်မရှိရင် Damien လည်း အချစ်ဦးနဲ့ ပျော်လို့ရတာပေါ့"
"အချစ်ဦးနဲ့ပျော်ချင်မှတော့ မင်းကိုယူခဲ့မလား"
"ဘာပြောတယ် အချစ်ဦးဆိုတာ တကယ်မရှိဘူးလို့ပြောရမှာမဟုတ်ဘူးလား"