17
ဆိတ်ငြိမ်ရပ်ကွက် တစ်ခု ၏ လမ်းသွယ်ထဲ ကားကိုချိုးကွေ့ဝင်လိုက်ရင်း ဘေးမှာထိုင်နေသည့် ကလေးကို အားမာန် မျက်လုံးစွေ ကြည့်လိုက်သည်။ မိုရာဆေး မဟုတ်သည့် ပိုးရင်က လမ်းတစ်လျှောက်လုံး မညောင်းမညာသည့်အတိုင်း အပျော်ကြီးပျော်နေသလို ပြုံးနေ၏။
"ကိုကိုမောင်းတဲ့ကားလိုက်စီးရတာ သိပ်ပျော်ဖို့ကောင်းတာပဲ"
"ကဲ ဘယ်ကိုပို့ပေးရမှာလဲပြော မင်းတို့အိမ်နားတောင်ရောက်တော့မယ်"
အားမာန် မျက်မှောင်ကြီးကြုတ်ထားရင်းမေးလိုက်သည်။ မိုရာဆေးကို ညနေ ကျောင်းသွားကြိုရင်း ဒီအရှုပ်ထုတ်လေးက ပါလာတာဖြစ်၏။ မိုရာဆေးကတော့ပါမလာ ၊ သူငယ်ချင်းတွေနဲ့ လိုက်သွားသည်တဲ့။ အဲ့ကိစ္စသိုးထိန်း ဆက်ရှင်းလိမ့်မည် သူကတော့ ဒီ့ထက့်ကြီးတဲ့ကိစ္စကိုရှင်းနေရ၏။ တစ်ခါတလေမှာ သူ တကယ်ကို မာဖီးယားထဲသာ ပြန်ဝင်သွားလိုက်ချင်ပါသည်။
"ရောက်ပါပြီ ကိုကိုရဲ့ ရှေ့က ပန်းခြံထဲ ဝင်လိုက်နော်"
ကိုကိုဟုအခေါ်ခံရတိုင်း အပ်နဲ့ထိုးခံရ သလိုဖြစ်သွားပေမယ့် ပြောမနိုင်တာကြောင့် မပြောတော့။ စကားတတ်လွန်းသည့် ပိုးရင်က သူ့ကို စက္ကန့်တိုင်း ရည်းစားစကားသာမပြောနေရင် ချစ်စရာကောင်းလွန်းတာတော့တကယ်ပင်။ ဒါကြောင့်လည်း ကားကြုံလိုက်ပါရစေဆိုတော့ မငြင်းရက်ခဲ့တာဖြစ်၏။
ပြောသလို ပန်းခြံထဲဝင်လိုက်တော့ လူမရှိ သူမရှိ ခြောက်ကပ်တိတ်ဆိတ်နေ၏။
"မဟုတ်မှ မင်းငါ့ကို ချိန်းတွေ့ဖို့ ပန်းခြံ ညာခေါ်လာတာတော့မဟုတ်ပါဘူးနော်"
"အာ ကိုကိုကလည်း ချိန်းတွေ့ဖို့ထိတောင်တွေးလိုက်ပြီလား ဟိဟိ"
"မင်းတော့ နာတော့မယ်။ မဟုတ်ရင်ဘာလဲ"
"ရန်ဖြစ်မလို့"
"ဘာ"
ဒီပုစိညှောင့်တောက်လေးဆီက ရန်ဖြစ်မယ်ဟူသောစကားကြောင့် အားမာန် တအံ့တဩဖြစ်သွားသည်။ ပိုးရင်က သူ့ကိုကြာကြာအံ့ဩခွင့်မပေးပဲ ကားပေါ်က အတင်းဆွဲချကာ ခေါ်သွားတော့ စောင့်နေဟန်ရှိသည့် လူငယ်လေး ၃ ယောက် က တောက် တခေါက်ခေါက်ဖြင့်။