-13-(U)

219 31 9
                                    

13

Fresher welcome နေ့မို့ ကျောင်းရဲ့ အခမ်းအနားတွေကျင်းပနေကျ ခန်းမဆီမှ သီချင်းသံများပျံ့လွင့်နေသည်။ Damien ကတော့ ရောက်ကထဲ က ဆရာ ဆရာမများနှင့် တာဝန်ရှိသူများကလာနှုတ်ဆက်နေကြသည်ကို တုန့်ပြန်နှုတ်ဆက်နေသည်။ ခပ်တည်တည် မျက်နှာထားနှင့် ခေါင်းကို ညွတ်သည်ဆိုရုံညွတ်ကာ နှုတ်ဆက် နေပုံကြောင့် မိုရာဆေးတင်မက ထိုလူဘေးတွင်ရှိသော တရုတ်စကားပန်းပင်လေးမှ ပန်းပွင့်လေးတွေပင် တဖြုတ်ဖြုတ်ကြွေကျကုန်ရသည်။

"အဲ့လောက်ကြီးကြည့်နေတာ မင်းသူ့ကိုမမြင်ဖူးဘူးလား"

ဘေးကနေ အငေါ်တူးလိုက်တဲ့ ပိုးရင်ကြောင့်ရှက်ပြုံးပြုံးရင်း တံတောင်တစ်ချက်ပစ်ကျွေးလိုက်ရသေးသည်။ ထိုအခိုက်အတန့်လေးမှာပဲ Damien အကြည့်တွေက ဆေး ဆီရောက်လာပြီး စကားစဖြတ်နေသည်ကိုတွေ့ရသည်။

"ငါ့ကို လာပြောမနေနဲ့ မင်းကပိုဆိုးတာ ဦးမာန်ရောဘယ်ရောက်သွားလဲ"

"ငမိုးရိပ် မိတ်ကပ်ပြင်ပေးနေတယ် ဟိဟိ "

ပြောင်စပ်စပ်လုပ်နေသော ပိုးရင်က လည်ပင်းတွင် အနီအကွက်စိပ် ပဝါလေးကို သုံးထောင့်ပုံသဏ္ဌာန်စည်းထားပြီး ဝိုင်းစက်နေသော မျက်လုံးလေးများကို မိုးရိပ်က eyeliner ထပ်ခြယ်ပေးထားသောကြောင့် ပို၍ပင် ဝိုင်းကာ ချစ်စဖွယ်ဖြစ်နေ၏။ Fun event တွင်ပါဝင်သော Cosplay ကဏ္ဍအတွက်ပြင်ဆင်ထားခြင်းဖြစ်သည်။

"မင်းရော မင်းလူကြီးနဲ့ Cosplay လုပ်ပါလား"

"နေပါ သူလားလုပ်မှာ"

တကယ်တော့ Damien ကလုပ်မယ်ဆိုရင်တောင် ဆေးက မလုပ်စေချင်ပါ။ သူ နည်းနည်းလေး အူတိုမိလောက်သည်အထိ Damien က ခန့်ညားလွန်းနေသည်မဟုတ်လား။

ပိုးရင်ကတော့ အူမြူးနေပုံဖြင့် အသံစာစာ စာစာ ဖြစ်နေသည်။ အူမြူးနေရသည့်အကြောင်းရင်းကတော့ ဦးမာန်က သူနှင့်အတူ Cosplay လုပ်ဖို့ သဘောတူလိုက်ခြင်းကြောင့်ပင်။ ဘယ်လိုအကြောင်းတရားကြောင့် ဦးမာန်က သဘောတူလိုက်လဲမသိပေမယ့် ပိုးရင်ကတော့ ရောမမြို့ကြီးကို သိမ်းလာတဲ့စစ်သူကြီးတစ်ဦး၏ ဟန်ပန်ဖြင့် မော်ကြွားနေ၏။

CandyWhere stories live. Discover now