-10-(U)

392 42 12
                                    

10

ပြန်ရောက်ပြီးကထဲက ဆေးသောက်ပြီး အိပ်ပျော်သွားလိုက်သည်မှာ မနက်မိုးလင်းမှ နိုးတော့သည်။ ဆေးထိုးထားတာရော ဆေးသောက်ထားတာရောကြောင့်ထင်သည် မနေ့ကထက်တော့သိသိသာသာနေလို့ကောင်းနေ၏။ ဆေးရုံကအပြန် ကားပေါ်သို့တင်မက ပြန်ရောက်တော့လည်း အခန်းထဲထိ Damien ကိုယ်တိုင်ပွေ့ချီခေါ်လာပေးတာ ပြန်တွေးမိတော့ မျက်နှာတွေ ဖျန်းခနဲ ပူတက်လာသည်။

ဆိုတော့မှ Damien ကို ဝေ့ဝဲ ရှာမိသည်။ နိုးတဝက် အိပ်တဝက်ဖြစ်နေစဉ်အနေအထားမှာတော့ နဖူးပေါ် ရေပတ်ဝတ်တင်ပေးနေတာကို ဝိုးတဝါးမှတ်မိသည်။ ပြီးတော့.. အဲ ပြီးတော့

ဆေး ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်ကာ မျက်လုံးအစုံပြူးကျယ်သွားရသည်။

"Damien!"

"ဘာဖြစ်လို့လဲ မိုရာဆေး ဘယ်နားနာလို့လဲ"

ကုန်းအော်လိုက်တော့ ဆန်ပြုတ်ပန်းကန်ကိုင်ပြီး တံခါးဖွင့်ဝင်လာသည့် Damien က လန့်သွားဟန်ဖြင့်မေးသည်။ အင်္ကျီရင်ဘတ်စလေးကိုစုကိုင်ထားသည့် ဆေး က ငိုမဲ့မဲ့လေး။ ညကဝတ်အိပ်ထားသည့်အဝတ်အစားတွေနဲ့မတူတဲ့ အသစ်တစ်စုံက ဆေး ကိုယ်ပေါ်မှာ အခန့်သားနေရာယူထားသည်လေ။

"ကျွန်.. ကျွန်တော့် အဝတ်တွေ.."

"အာ.. မင်း ညက ချွေးတွေတအားထွက်နေလို့ အအေးပတ်မှာစိုးလို့ ကိုယ်လဲပေးထားတာလေ အားနာဖို့မလိုဘူး"

"ဘာ!"

"အဲ့လောက်ကြီးအော်နေတာ နေကောင်းသွားလို့လား"

မျက်မှောင်မကြုတ်တကြုတ်ဖြင့် နဖူးကိုလာစမ်းတော့ ဆေးကိုယ်လေး ဆတ်ခနဲတုန်သည်။ ထိုလူကတော့ သူဘာမှမလုပ်ထားဟန် အေးဆေးသာရှိ၏။ ယောက်ျားချင်းပဲကွာ ဘာဖြစ်လဲ ဟု အားတင်းရန်ကြိုးစားသော်လည်း ရှက်သွေးတွေက တရိပ်ရိပ် ဒီဂရီတက်နေသည်။ ယောက်ျားချင်းဆိုပေမယ့်လည်း ဒါကြီးက ဦးခန်းဝါသိုးထိန်းလေ !

ရပါတယ်လေ underwear ထိတော့မလဲပေးထားလောက်ပါဘူး။

ရုတ်တရက်သတိရကာ ဘောင်းဘီသားရေကြိုးလေးကိုအနည်းငယ် ဟပြီး ငုံ့ကြည့်လိုက်မိသည်။

CandyWhere stories live. Discover now