16(U)

151 16 8
                                    

16

မနက် ၆ နာရီတွင် နှိုးစက်ပေးစရာမလိုပဲ အကျင့်ပါနေသော Damien ၏ မျက်လုံးများက ဖျတ်ခနဲ ပွင့်လာသည်။ ခါတိုင်းလို ထမည်လုပ်တော့ လက်မောင်းတစ်ဖက်က တစ်ခုခုဖိထားသလိုလေးနေ၏။

မိုရာဆေး က သူ့လက်မောင်းကို အားရပါးရခေါင်းအုံးအိပ်နေခဲ့သည်ပဲ။ တစ်သက်လုံးတစ်ယောက်ထဲအိပ်လာခဲ့တော့ ညက မိုရာဆေးကို ဖက်အိပ် ခဲ့တာ မေ့တော့မလို့။ ခေါင်းလုံးလုံးလေးကို အသာအယာ မ ကာ လက်မောင်းကို ဆွဲထုတ်ပြီး ခေါင်းအုံးပေါ် နေရာချပေးပြီးမှ ကျဉ်ခဲနေသော ကိုယ့်လက်မောင်းကိုယ် အသာ အယာ ဖိနှိပ်ရသည်။ ဖြာစင်းနေသော မျက်တောင်ရှည်တွေကို လက်ညိုးထိပ်လေးဖြင့် အသာထိကြည့်ချင်စိတ်၊ သွေးရောင်လွှမ်းနေသော ပါးမို့လေးတွေပေါ် ကျူးကျော်ပစ်ချင်စိတ် တို့က သွေးကြောတွေထဲကရုန်းကြွနေသလို။ မနက်လင်းလင်းချင်း သူ့ရဲ့ပြဿနာကို မီးစာတင်ပေးလိုက်သည့် မိုရာဆေးကြောင့် အလျင်အမြန်ထကာ ရေချိုးခန်းသို့ ဝင်ရသည်။

ယောက်ျားတစ်ယောက်ရဲ့ မနက်ခင်းမှာ ဖြစ်နေကျကိစ္စရပ် တွေဟာ မိုရာဆေးနဲ့မှ မျက်နှာပူချင်စရာကောင်းလာသလို။ လက်တွေကိုအလုပ်ပေးနေရင်း နာမည်လေးကို တီးတိုး ညည်းပစ်လိုက်ချင်စိတ်ကို အံကြိတ်ကာထိန်းပစ်ရသည်။ ကိုယ်က အရွယ်ရောက်ပြီးတာကြာနေသည့် ယောက်ျားတစ်ယောက်၊ မိုရာဆေးက ကလေးလေးပဲရှိသေးတာမဟုတ်လား။ တစ်ခါတလေ စိတ်လိုက်မာန်ပါ ဖက်ရမ်းနမ်းရှိုက်ပစ်မိပေမယ့် တကယ်တမ်းမှာ နာမည်လေးကိုတောင်မှ အလျင်စလို မထိပါးရက်တဲ့ စိတ်နဲ့ သိပ်အခက်တွေ့ရသူဟာ ကိုယ်ပဲ ဖြစ်နေပြန်ပါသည်။ အကြမ်းအရမ်း ထိတွေ့မိသော အသားစိုင်လေးတွေမှန်သမျှ ရဲစွေ့သွားတတ်သည့် မိုရာဆေးဟာ အပြင်ပန်းလှပလွန်းသလောက် နည်းနည်းလေးမှတော့ နူးညံ့မနေတတ်သည့် ကောင်ဆိုးလေး။

တစ်နေ့တာ စတင်ချိန်ကနေ အိပ်စက်ချိန်အထိ အတွေးတွေကို လုယူတတ်သည့်မိုရာဆေး ကို romantic ဆန်ဆန် ချစ်တယ် ၊ မချစ်ဘူးတွေပြောရမယ့် အသက်အရွယ် ထက် အနည်းငယ်ကျော်လွန်ခဲ့ပြီဖြစ်သော်လည်း ပိုင်ဆိုင်ချင်သည်၊ ကာကွယ်ပေးချင်သည် ၊ လက်ဖဝါးပေါ် တင်ထားချင်သည်။ Damien ဆိုတဲ့လူဟာ စီးပွါးရေးမှာ စည်းတစ်ခုထားပြီး လောဘကို ကန့်သတ်တတ်သလောက် မိုရာဆေးနဲ့ပတ်သက်ရင် လောဘတွေများတတ်လာသည်။

CandyWhere stories live. Discover now