7
Resort က ထင်ထားတာထက်အများကြီးပိုလှပြီး Cottage ပုံစံ အိမ်လှလှလေးတွေအစီအရီဆောက်ထားသည်။ လှေစီး ၊ငှါးမျှား လုပ်လို့ရသော ရေကန်လည်းရှိပြီး အသီးအရွက်စိုက်ခင်းဘောင်လေးတွေလည်းရှိတာကြောင့် ပိုးရင်က ရောက်တာနဲ့စိုက်ခင်းတွေနားအပြေးရောက်သွားပြီဖြစ်သည်။
ဦးမာန်က Reception သွားပြီး သူ့ဖို့ cottage တစ်ခုနှင့် ကျန် ၅ ယောက်အတွက် ၅ယောက်စာ Cottage တစ်ခု ငှါးပေးသည်။ ည မအိပ် တာကြောင့် မိုးရိပ် က cottage သက်သက် တစ်ခုခွဲမနေချင်၍ ဖြစ်သည်။
Cottage လေးတွေက အတွင်းပိုင်းမှာ air con ပါပါပြီး တစ်ခုချင်းစီမှာ ရေကူးကန်အသေးလေးတွေပါပါသေးသည်။
ညအိပ်တည်းခိုသူတွေအတွက် မနက်စာစားဖို့အဆောင်ကို သက်သက်ဆောက်ထား၏။ ရောက်တာနဲ့ အိတ်တွေပစ်ချကာ ရေကူးသူက ကူး ၊ လျှောက်ကြည့်သူကကြည့်နှင့်ပျော်နေကြသော်လည်း အနည်းငယ်ကြာတော့ မလှမ်းမကမ်းမှာ တစ်ယောက်ထဲရပ်နေသော ဦးမာန်ကိုကြည့်ပြီး ဆေး တစ်ခုခု လိုသလိုခံစားလာရ၏။Damien မိန်းကလေးတစ်ယောက်နှင့်စကားပြောသည်ကိုမြင်ရတာ ဘာကြောင့်ဒီလောက်မကျေနပ်ဖို့ကောင်းမှန်းလည်းမသိပဲ အလိုမကျဖြစ်နေမိသည်။ သူနဲ့ဆို အမြဲလို တွန့်ချိုးနေတတ်သည့် မျက်ခုံးတန်းတွေကလည်း ပြေကျနေသေးတာ။
"ဦးမာန် "
ဦးမာန်ကစီးကရက်သောက်နေရာမှ ဆေး အနားရောက်လာတော့ ပစ်ချပြီး နင်းခြေလိုက်သည်။
"အင်း"
"Damien ပါလိုက်လာရင်ကောင်းမှာပဲနော်"
"မင်းက မခေါ်ပဲနဲ့"
"ဗျာ ကျွန်တော်ခေါ်လည်း သူကလိုက်မှာကျလို့ အမြဲ အလုပ်ရှုပ်နေတာလေ "
"မခေါ်ကြည့်ပဲမသိနိုင်ဘူးလေ"
"ဒါဆိုနောက်တစ်ခါကျ ခေါ်ကြည့်ရမယ်နော်"
ဆေး ရုတ်ခြည်းပင် တက်တက်ကြွကြွလေးဖြစ်သွားရသည်။ ဦးမာန်ကတော့ ထောက်လည်းမထောက်ခံ ကန့်လည်းမကန့်ကွက်ပဲ တစ်ဖက်သို့လှမ်းငေးနေ၏။
"ဒါနဲ့လေ ဦးမာန်ရောဖုန်းထဲမှာ Damien ကို contacts မှတ်ထားသလားဟင်"
"ကိုယ်ကဘယ်သူ့ကိုမှ contacts မမှတ်ထားတာ"