12
"ဒါဆို မင်းဘဲကြီးက မင်းကိုမှတ်မိနေတယ်ပေါ့"
ဖြစ်ကြောင်းကုန်စင်ကို ရှည်လျားစွာရှင်းပြပြီးနောက် မေးခွန်းထုတ်လာသော ပိုးရင်ကို ဆေး က ပါးလေးတစ်ဖက်တွန့်သည်ထိမေးထောက်နေရာမှ ခေါင်းညိတ်ပြလိုက်၏။ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်နေသော ဆေး ကို ဂရုမစိုက်စွာပဲ မိုးရိပ်တို့ကတော့ ပီဇာလုစားနေကြသည်။ လေးလေးအိမ်ပြန်ရောက်တာနဲ့ Damien မျက်စိအောက်ကလွတ်ပြီ ဆိုပြီး အုပ်စုလိုက်ကျောင်းလစ်ကာ လျှောက်လည်နေကြခြင်းဖြစ်သည်။
"မှတ်မိတာကို အစထဲကတော့ဖြင့်မပြောပဲ ငါ့မှာတော့မမှတ်မိဘူးထင်ပြီး စိတ်အေးလက်အေးနေနေခဲ့တာကို"
"မှတ်မိတော့ပိုကောင်းတာမဟုတ်ဘူးလား ဘာကိုစိတ်ညစ်နေတာလဲ"
ဝေလီက ပီဇာပေါ်ကပုဇွန်ကိုအကောင်လိုက်ပါးစပ်ထဲထည့်ရင်းမေးတော့ အာကာကထောက်ခံသည်။ မိုးရိပ်ကတော့ ထိုကိစ္စတွေဘာမှမသိတာကြောင့် ခါတိုင်းလို ဆရာကြီးဝင်မလုပ်နိုင်ပဲ မျက်လုံးအဝိုင်းသားဖြင့်သာ နားထောင်သမားလုပ်နေ၏။
"ဟာ ရှက်စရာကြီးပေါ့ကွာ ငါဖြင့် လေးလေးကမုန့်သွားပို့ခိုင်းတုန်းက သူဖြစ်နေမှန်းသိတော့ ဘယ်လောက်လန့်သွားတယ်မှတ်လဲ ။ သူကငါ့ကိုမှတ်မိတဲ့ပုံမပြလို့သာ ဘာမှမဖြစ်တာ ။ ငါလက်ထပ်မယ့်လူက အဲ့တုန်းက ငါဖုန်းနံပါတ်သွားတောင်းတဲ့လူဖြစ်နေတယ်ဆိုတာ မင်းတို့ကိုတောင် ရှက်လို့ မပြောပြထားတာကို"
"ရှက်နေသေးတယ်သွားတောင်းတုန်းကတောင်းပြီး"
"မင်းတို့တောင်းခိုင်းတာလေ"
"Crush ဆီက ဖုန်းနံပါတ်တောင်းဖို့ပဲပြောတာပါမင်းဘာမင်းသူ့ဆီသွားပြီး"
"အဲ့တုန်းကတစ်ဆိုင်လုံးမှာ သူကအချောဆုံးကိုးကွ"
"အဲ့တော့ အဲ့တုန်းက နင်သူ့ကိုဖုန်းမဆက်ဖြစ်ဘူးလား"
မိုးရိပ်က အခုမှဇာတ်ရည်လည်လာပုံဖြင့် မေးသည်။
"ဆက်ဖြစ်မလား ရှက်ပြီးဇွတ်ထွက်ပြေးသွားတာ မြောင်းထဲပြုတ်ကျတာလေ အကုန်ပေတူးပြီး ဖုန်းနံပါတ်ပါပျက်သွားတာ"