"ညရေ ည......
သားနေပဲ.....စက်ဘီးကို စံပယ်ပန်းရုံဘေးနားမှာ ရပ်ခဲ့လိုက် သား
ဟုတ်ကဲ့ ဘွား"
လင်း ညရဲ့အဘွားနဲ့အိမ်ထဲဝင်လာတော့ ညက အပေါ်ထပ်ကနေဆင်းလာတာကိုတွေ့လိုက်ရတယ်.....
"ငါအဝတ်အစားလဲနေလို့ဂုဏ်......အင်းရပါတယ်
ဒါဆို သွားမယ်လေည
အင်း ...."
ခွင်း အဘွားဖြစ်သူဘက်လှည့်ကာ
"သွားပြီနော် ဘွား
သမီး ခဏနေပြန်လာခဲ့မယ်နော်အေးအေး စက်ဘီးကို ဂရုစိုက် နင်းသွားနော်ကလေးတို့
ဟုတ်ကဲ့ ဘွား
သွားခွင့်ပြုပါဦးခင်ဗျ
အေးအေးသားနေ"
.......................................................................
ခွင်းတို့လည်း ဂုဏ်တို့အိမ်ရှေ့အရောက် ခန့်ညားတို့အုပ်စုကလည်း အိမ်ရှေ့အရောက် သွားတိုက်ဆိုင်တယ်။
"အံမယ် ငါတို့သားကြီးက ခွင်းကို ကိုယ်တိုင်ကိုယ်ကျ သွားခေါ်တာပါလား"
လင်း ချောင်းတချက်ဟန့်ကာ
"အဟမ်း ဟိုကောင်စကားရှည်မနေနဲ့ ခြံထဲဝင်စရာရှိတာဝင် ဦးလေးစိုးက ခြံတံခါးဖွင့်ပေးထားပြီးပြီသွား ရှေ့ကဝင်
အေးပါကွာ မင်းနောက်မှတွေ့မယ်......"
ဒီမိကျောင်းသားသွင်ထက်ယံကတော့ ဝင်စရာရှိတာမဝင်ဘူး.......
သူတို့အုပ်စုကိုတွေ့သွားတဲ့အဘိုးနဲ့အဘွားက"လာကြ ကလေးတွေ သားတို့အကြိုက် မုန့်လက်ဆောင်းအေးအေးချိုချိုလေးပြင်ထားတယ်
ဟုတ်ကဲ့ အဘွား"
ဧည့်ခန်းမှာ အဘိုးတို့အပြင် နေလင်းရဲ့မိဘ၂ပါးပါရှိနေတာမို့ သူတို့အားလုံး အေးဆေး ဆိုဖာထိုင်ခံအရှည်မှာ ဝင်ထိုင်ကြတယ်။
အရင်ဆုံး စကားစလာသူက နေလင်းရဲ့အဖေပါ
"တွေ့ရတာဝမ်းသာပါတယ် ကလေးတို့ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ဗျ/ရှင့်
သားတို့အကြောင်းတွေကို အန်ကယ့်အဖေနဲ့အမေဆီက ကြားထားတယ်
VOCÊ ESTÁ LENDO
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜
Romanceမထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်နိုင်ပါ့မလား