Part-21

199 5 0
                                    


ညနေပိုင်း စာကျက်လို့ပြီးတော့....မျက်စိညောင်းလာတာနဲ့ စိတ်လည်းလန်းဆန်းသွားအောင် ခြံထဲဆင်းကာ ပန်းပင်တွေဘက် ထွက်လာခဲ့တယ်။

မြတ်လေးပန်းတွေကို တွေ့တော့ ညကိုသတိရသွားတယ်........ညကြိုက်တဲ့ပန်းပဲ.....မနက်ဖြန်ကျောင်းတက်ရင် ညအတွက် ခူးသွားဦးမယ်......
ညက ပန်းပန်ရတာကို သဘောကျတဲ့မိန်းကလေးမဟုတ်ပေမယ့်........ပန်းတွေကိုတော့ သိပ်ချစ်တာ.....

ညရဲ့ဆံပင်အရှည်လေးနဲ့ဆို.....ပန်းပန်ထားရင် သိပ်လှမှာ............

ပန်းပင်တွေရေလောင်းဦးမယ်.....ဒါမှ မနက်ဆို ပန်းခူးဖို့ ပန်းလေးတွေက လန်းဆန်းနေမှာ........

"ကျွန်တော် ရူးရူးမူးမူး ချစ်ရတဲ့ ကောင်မလေးအကြောင်း
ဒီဂစ်တာလေးနဲ့ သူသိအောင်ဆိုပြမယ်
သူကလေးလေးဘဝက အခုထက်ထိ သူဘာတွေလုပ်တယ်
ဘယ်လိုရှိတယ် သူ့အကြောင်းတွေအကုန်စုံစမ်းတယ်...
အမြဲတမ်း နောက်က တကောက်ကောက်လိုက်
ကျန်တာတွေအကုန်ခေါက်လိုက်
ကျွန်တော့်ရဲ့အချိုးတွေပြောင်း သူ့ကိုရင်ခုန်မိပြီးနောက်ပိုင်း"

ဦးနေရိပ်သာ ဇနီးဖြစ်သူက ညနေစာစားဖို့ မြေးဖြစ်သူအား အခေါ်လွှတ်လိုက်တာမို့ ခြံထဲဆင်းလာတော့ ပန်းပင်တွေရေလောင်းရင်း သီချင်းလေးညည်းနေတဲ့ မြေးအားတွေ့လိုက်ရတယ်.....။

အံမယ် သီချင်းက "ကျွန်တော်ရူးရူးမူးမူးချစ်ရတဲ့ကောင်မလေးအကြောင်း "ဆိုပါလား........
ဒီရောက်ကတည်းက သီချင်းညည်းတာကို သူမကြားဖူးဘူး........
ဒါပေမယ့် မြေးက သီချင်းဆိုတော့ကောင်းသားပဲ......

"မြေး.......

ဗျာ ဘိုး
ဘိုးဘိုး ဘယ်တုန်းကသားနောက်မှာရောက်နေတာလဲ"

မြေးကြည့်ရတာ သူသီချင်းဆိုနေတုန်း အဘိုးဖြစ်သူရောက်လာလို့ ရှက်သွားတဲ့ပုံစံလေး......

"မြေးသီချင်းစဆိုကတည်းက

ဟာဗျာ သားကိုအသံလည်းမပေးဘူး

ဟားဟား ဘိုးက သားရဲ့သီချင်းကိုကြိုက်လို့နားထောင်နေတာပါကွာ

ဘိုးက ဒီခေတ်သီချင်းတွေကြိုက်တယ်ပေါ့

အောင်မာ ဘိုးက ခေတ်မီပါတယ်ကွ....သားအဘွားကို
ဘိုးအမြဲဆိုပြနေကြပါကွာ

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now