နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-14

221 6 0
                                    

မနက်စာထမင်းဝိုင်းမှာ သူရယ်ဖေဖေ၊မေမေရယ် ရှိနေတယ်။

"မင်းဘယ်လိုဆက်လုပ်မှာလဲ သားငယ်

ခက် မနက်စာကို အေးဆေးစားကြရအောင်ကွာ

ဒီကိစ္စကို အပြတ်ရှင်းရမယ်ကို

သားငယ် ဘယ်လိုသဘောထားရှိသလဲ
လက်ခံမှာလား လက်မခံဘူးလား"

"မေမေတို့သဘောပဲ စေ့စပ်ပွဲ လက်ခံတယ်
ဒါပေမယ့် သဘောတူညီချက်ရှိတယ်"

ရပြီလေ သားငယ်လက်ခံပြီဆိုရင် သူမရမယ့်အကျိုးအမြတ်က နည်းမှမနည်းပဲ

"ဘာလိုချင်တာလဲ သားက

စေ့စပ်ပွဲ ပြီးတာနဲ့ သား ချက်ချင်း ပြင်ဦးလွင် ပြန်မယ် သားရဲ့ကိုယ်ပိုင်ဘဝကို နှောက်ယှက်ခွင့်မရှိဘူး
သား ပြင်ဦးလွင်မှာ အေးဆေးနေချင်တယ်
မေသက်လွင်ဆိုတဲ့မိန်းကလေး သားရှေ့မှာထပ်ပေါ်မလာစေနဲ့ မေမေတို့လည်း သားဆီမလာပါနဲ့

ရတယ်လေ သားက စေ့စပ်ပွဲ လက်ခံပေးတာကိုပဲ မေမေက ကျေးဇူးတင်ပါတယ် သားပြောတဲ့အချက်တွေအကုန်လိုက်လျောပေးမယ် သမီးမေသက်လွင်ကလည်း သားနဲ့စေ့စပ်ပြီးတာနဲ့ စင်ကာပူမှာ ကျောင်းသွားတက်မှာဆိုတော့ သားစိတ်ရှုပ်စရာမလိုပါဘူး

အဲ့တာ သားနဲ့မဆိုင်ဘူး
မေမေပြောတဲ့စကား မေမေတည်ပါ

စိတ်ချပါ ကဲ ဒါဆို မနက်စာစားကြရအောင်လေ မေမေ သားကြိုက်တဲ့ ရွှေတောင်ခေါက်ဆွဲလုပ်ထားတယ်

ထည့်စားသားငယ် သားအမေလက်ရာက ရှယ်ပဲ

ဖေဖေသာအဝစားပါ....."

ဒေါ်ခက်ဂုဏ်လင်း ဒီနေ့ သားစေ့စပ်ပွဲမို့ အစောကြီး ထပြီး ပြင်ဆင်နေတာ

"ခက် စောစောနိုးနေပါလား

ဟုတ်တယ် ကို ဒီနေ့ကအရေးကြီးပွဲလေ

ခက်

ဟင်

ခက်လုပ်ရက်ကမှားနေသလားလို့လေ သေချာစဉ်းစားပါဦးလား.

ကို့ ကိုတားချင်တယ်ဆိုရင် အစောကတည်းက ခက်ကိုပြောခဲ့ရမှာ အခုကတော့ နောက်ကျနေပြီ ပွဲကမကြာခင်စတော့မှာ

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Nơi câu chuyện tồn tại. Hãy khám phá bây giờ