" နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား"
Extra Part-2 ✨🖤⚜️" သမု ဒီနေ့ သွင်ထက်ထမင်းချိုင့်ပါမလာမှန်းသိလို့ သူ့အတွက် ထမင်းဗူးလေးပေးမလို့ အရိုးအကြောဌာနဖက်ကို ထွက်လာခဲ့ပေမယ့် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ထိုနေရာမှ လှည့်ထွက်လာခဲ့သည်
သွင်ထက်ကတော့ သူမကိုမမြင်ပေ
ဘယ်မြင်မလဲ ရင်ခွင်ထဲရောက်နေသည့် မိန်းမနဲ့နမ်းနေတာကို နင် ငါ့ခံစားချက်တွေကို အရူးလုပ်တယ်
သွင်ထက်ယံ ငါ့ကိုဂရုစိုက်ပေးသလိုနဲ့ ငါနင့်ကိုချစ်လာအောင် နင်လှည့်စားတယ်" တောင်းပန်ပါတယ် ဒေါက်တာ ကျွန်မ ခြေခေါက်သွားလို့ ဒေါက်တာ့ပေါ်လဲကျမိသွားတယ်
ရပါတယ် မသီတာ နောက်ကိုဂရုစိုက်ပါ
ဟုတ်ကဲ့
အခု ကိုမင်းသီဟမရှိဘူး ခွဲစိတ်ခန်းဝင်နေတယ်ဗျ ခဏလောက်တော့ မသီတာစောင့်နေရလိမ့်မယ်
ဟုတ်ကဲ့ နေ့လည်စာစားချိန်ဆိုတော့ အစ်ကို့အတွက်ပါထည့်ရင်း ဒေါက်တာ့အတွက်ပါထည့်လာခဲ့တာ သုံးဆောင်ပါဦးရှင့်
ရတယ် မသီတာ ကျွန်တော်ဗိုက်မဆာသေးဘူး လူနာကြည့်စရာရှိသေးတာမို့ ခွင့်ပြုပါဦး
ဒေါက်တာ ဒေါက်တာ့ "
နားနေခန်းထဲမှာ ကိုမင်းသီဟ ညီမဖြစ်သူ မသီတာနဲ့ နှစ်ယောက်ထဲရှိနေဖို့ မသင့်တော်တာမို့ အမြန်ဆုံးထွက်လာခဲ့သည်
သို့သော်လည်း ချစ်ဦးသူရဲ့ အထင်မြင်လွဲမှားမှုကို ခံလိုက်ရပြီဆိုတာကို သွင်ထက်တစ်ယောက် မသိရှာပေ
•••••• •••••• ••••• •••••• •••••• •••••• •••••• ••••• •••••
" သမု..."ဆေးရုံအုပ်အခန်းထဲကနေ ထွက်လာသည့် သမုအား လှမ်းတွေ့လိုက်တာမို့ လှမ်းခေါ်လိုက်ပေမယ့် သမုက သူ့ကို တည်တင်းသောမျက်နှာထားဖြင့် တစ်ချက်သာကြည့်ကာ သူမသွားနေသည့်လမ်းအား ဆက်သွားလေသည်
" သမု ဘာအဆင်မပြေတာရှိလို့လဲ နင်မျက်နှာမကောင်းဘူး
ဘာမှမဖြစ်ဘူး ငါအဆင်ပြေတယ် ဂရုစိုက်စရာမလိုဘူး
YOU ARE READING
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜
Romanceမထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်နိုင်ပါ့မလား