Part-66 ဇာတ်သိမ်းပိုင်း

787 11 0
                                    

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-66 ဇာတ်သိမ်းပိုင်း

"ညရဲ့ညာဘက်လက်ခလယ်မှာ လက်ထပ်လက်စွပ်အဖြစ်ဆင်မြန်းနေသည့် သူ့ရဲ့လက်ဟာ တုန်ရီမှုတို့အပြည့်နှင့်ဖြစ်သည်
နောက်ဆုံးတော့ သူမဟာ သူ့ရဲ့တရားဝင်ဇနီးဖြစ်လာခဲ့ပြီ
ပျော်ရွှင်မှုက သူ့ရင်ထဲမှာ အတိုင်းအဆမဲ့ဖြစ်သည်

"လက်ထပ်လက်စွပ် လဲဝတ်ပေးခြင်းအစီအစဥ်ပြီးဆုံးပါပြီ....
အခုဆက်လက်ပြီး ကျင်းပသွားမှာက သတို့သားနှင့်သတို့သမီးတို့တစ်ဦးကိုတစ်ဦး မေတ္တာစကားသံတို့ဖွင့်ဟမည့်အစီအစဥ်လေးပဲဖြစ်ပါတယ်ခင်ဗျာ....

ဖျက် ဖျက် ဖျက် (လက်ခုပ်တီးသံ)

ဂုဏ် ညနှင့်မျက်နှာချင်းဆိုင် မက်တပ်ရပ်လျက်ရှိနေပြီး....မိုက်ကိုကိုင်ကာ ညမျက်ဝန်းတွေကို စိုက်ကြည့်ရင်း သူ့ခံစားချက်တို့အားဖွင့်ဟခဲ့သည်

"ကိုယ် ပထမဆုံးအနေနဲ့ ညရဲ့မိဘနှစ်ပါးကို ဒီနေရာကနေ ကျေးဇူးတင်ချင်ပါတယ်
သည်လိုမာယာတွေနဲ့ပြည့်နှက်နေတဲ့လောကကြီးမှာ ကိုယ့်ဘဝအတွက် စစ်မှန်တဲ့ ဘဝလက်တွဲဖော်ဖြစ်လာမည့် ညကို အသက်နဲ့ရင်းပြီးမွေးဖွားပေးခဲ့လို့ပါ
နောက်ထပ် ညရဲ့အဘွားကိုလည်း ကျေးဇူးတင်ပါတယ်
ထက်မြက်ပြီးအရည်အချင်းရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက်ပါ....
အဘွားသာ အခုထိသက်ရှိထင်ရှားရှိနေသေးမယ်ဆိုရင် ကိုယ်တို့အတွက် ဝမ်းသာနေမှာပါ

ည....မင်းဟာ ကိုယ့်အတွက် တဈကယျအဓိပ်ပါယျရှိတဲ့ဖွဈတညျမှုတဈခုပါ
မင်းနဲ့သာ မတွေ့ဆုံခဲ့ဘူးဆိုရင် ကိုယ်ဟာ ဘဝကို အဓိပ်ပါယျမဲ့စှာ ဖြတ်သန်းနေမိမှာ
ကိုယ်တို့စတင်တွေ့ဆုံခဲ့ချိန်က အထက်တန်းကျောင်းသားဘဝမှာ....ကျောင်းစိမ်းဝတ်စုံလေးကို သပ်ရပ်စွာ ဝတ်ဆင်တတ်တဲ့မင်းရဲ့အလှဟာ အခုထိကိုယ့် Memoryထဲမှာ ရှိနေဆဲပါ...မင်းနဲ့ပက်သက်ရင် မေ့ပျောက်လို့မရနိုင်တဲ့အလှတရားတစ်ခုပေါ့

ကိုယ့်ကြောင့် မင်းမှာ နာကျင်မှုတွေကြုံခဲ့ရတယ်
ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်
ဒါပေမယ့် ကိုယ့်ကိုယနေ့ထိတိုင် အချစ်စစ်နဲ့ချစ်ပေးခဲ့လို့ ကိုယ့်ကိုကိုယ်တောင် သိမ်ငယ်မိပါတယ်
တစ်ခါတလေ ကိုယ်တွေးနေမိတာ ကိုယ်ဟာမင်းနဲ့မထိုက်တန်ဘူးလို့...."

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Onde histórias criam vida. Descubra agora