ခွင်း ဂုဏ်နဲ့အတူ ဆေးရုံဓာတ်လှေကားစီးပြီး မြေညီထပ်ကနေ ဂုဏ်တို့ကားရပ်ထားတဲ့နေရာဆီလျှောက်လာခဲ့တယ်..........
"ကားထဲဝင် ည နောက်ခန်းမှာစီးနော်
ငါ နောက်မှာပဲစီးမှာပါ ဘိုးဘိုးနဲ့ ဦလေးစိုးက ရှေ့ခန်းမှာထိုင်နေတာ ငါထိုင်ဖို့နေရာမရှိဘူးလေ
ဟုတ်သားပဲ မြေးကလည်း သမီးခွင်း သူ့ဘာသာထိုင်ပါစေ
ဟုတ်ကဲ့ ဘိုးဘိုး "
ကားထဲသို့ဝင်ထိုင်ပြီးနောက်မှာ ဂုဏ်က ခွင်းရဲ့ဘေးမှာ ထိုင်တယ်
"မောင်းလို့ရပြီဦးလေးစိုး"
"အေးအေး သားနေ"
သမီး အဘွား သက်သာရဲ့လား သတိရောရပြီလား
မရသေးပါဘူးဘိုးဘိုး ဒီနေ့နေ့လည်ခင်းလောက်တော့ သတိရလာနိုင်တယ်လို့ပြောတယ်
အေးကွယ် မနံ့သာခွင်းက ဆေးရုံတင်လိုက်ရတယ်ဆိုတဲ့သတင်းကို မြေးဆီကနေ အဘိုးတို့လည်းကြားတယ်
မနေ့က အဘိုးကလည်း အလုပ်ကဖျက်မရတာနဲ့ ကလေးတွေကိုပဲ မောင်စိုးနဲ့ထည့်ပေးလိုက်တာ
နေ့လည်တော့ အဘိုးဇနီးနဲ့သမီးအဘွားကိုလာကြည့်ပါဦးမယ်
ရပါတယ် ဘိုးဘိုး အဘွားအတွက်နဲ့အလုပ်ပိုပါတယ်
ဒီလူတွေပဲရှိတာ လာကြည့်ရမှာပေါ့
ငါ့မြေးတို့သာ ဒီနေ့ကိုအကောင်းဆုံးကြိုးစားခဲ့ကြဟုတ်ကဲ့ ဘိုးဘိုး "
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ကျောင်းကိုရောက်တော့ ခွင်းရဲ့ဘွားဘွားကိုသိထားကြတဲ့သူငယ်ချင်းတွေနဲ့ အတန်းပိုင်ဆရာမက ခွင်းကို အားပေးပါတယ်
"သမီးအဘွားက စိတ်မာတဲ့သူမို့အမြန်သတိရလာမှာပါ ဒီနေ့ပြိုင်ပွဲကို သမီးကြိုးစားနိုင်သလောက်သာ ယှဥ်ပြိုင်လာခဲ့နော် ဆုရတာမရတာထက် အကောင်းဆုံး ကြိုးစားခဲ့ဖို့ပဲအရေးကြီးတယ်
ဟုတ်ကဲ့ ဆရာမ"
"ကဲ အားလုံး ကားပေါ် တက်ကြ ကလေးတို့
ဆရာမတို့သွားကြမယ်ဟုတ်ကဲ့ ဆရာမ"
*************************************************
"ည ကျောင်းပြန်ရင် ငါ့ကိုစောင့်နော်
နင်တစ်ယောက်တည်း မပြန်သွားနဲ့ ငါလိုက်ပို့မယ် အဘွားသတိရပြီလားလည်းသိချင်တယ်
ESTÁS LEYENDO
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜
Romanceမထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်နိုင်ပါ့မလား