" နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား"
Extra Part-5 ✨🖤⚜️" မောင်ရေ....နေ့လည်စာစားချိန်ရောက်နေပြီနော်.....
"ည"စားတော့မလား ကိုယ် အေးကြည်ကို ထမင်းပွဲပြင်ခိုင်းလိုက်တော့မယ်
မောင်ရော တစ်ခါတည်းစားမှာလား "ည"တစ်ယောက်တည်းစားရမှာဆိုရင်တော့ မစားသေးဘူး မောင်နဲ့မှအတူစားမယ်
မောင်ပါ "ည"နဲ့အတူစားမှာလေ လာ မောင်တို့ မီးဖိုခန်းကို သွားရအောင်
ဟုတ်......"
အေးကြည် ဟင်းတွေလည်းချက်လို့အပြီး ပန်းကန်လေးများဖြင့်ထည့်ကာ ထမင်းပွဲပြင်ဖို့ ပြင်ဆင်နေခိုက် မမလေးနှင့်အစ်ကိုလေးအား တွေ့လိုက်ရသည်
" မမလေး အေးကြည် ထမင်းပွဲပြင်လိုက်ရတော့မလားရှင့်အင်း ပြင်လိုက်တော့ အေးကြည် မောင်ပါတစ်ခါတည်းစားမှာ
ဟုတ်ကဲ့ မမလေး "
" ည" ဖြည်းဖြည်းထိုင်နော်
ဟုတ်....."
တီး...တီး....တီး...🚨
" ကားဟွန်းတီးသံပဲ မောင် မောင့်ဧည့်သည်ရောက်ပြီထင်တယ်
အင်း မောင် သွားကြည့်လိုက်ဦးမယ် "ည" စားနှင့်လိုက်နော်
ရတယ် "ည"ပါ လိုက်ခဲ့မယ်လေ မောင်
ရတယ် ရတယ် "ည" ဒီမှာပဲစောင့်နေနော်
အင်း၊.......ဒါဆို ခဏလေးနော် မောင် ပြန်လာခဲ့မယ်..."
ဂုဏ် "ည"ကိုပြောပြီးသည်နှင့် အိမ်ရှေ့ကိုထွက်ကြည့်တော့ တွေ့လိုက်ရသည်က သူ့တပည့်ကားပင်
ခြံစောင့် ဦးကျော်က ခြံတံခါးသွားဖွင့်နေပြီမို့ ဂုဏ် ထိုကားဆီလျှောက်လာခဲ့သည်" တီခိုင်....ကားစီးလာရတာ အကြာကြီးမို့ ပင်ပန်းသွားရပြီနော်
အဟင်း....အသက်အရွယ်ရလာပြီမို့ သည်လိုပါပဲ သားရယ် တီခိုင်လည်း ရန်ကုန်လာဖို့ စီစဉ်ထားတာ သမီးခွင်းကိုရော မြေးလေးတွေကိုရော မတွေ့ရတာကြာပြီလေ
တီခိုင်မလာဖြစ်ရင်တောင် သားတို့မိသားစုကို သီတင်းကျွတ်လာခဲ့ဖို့ ခေါ်ဖို့စီစဉ်ထားတာ

ESTÁS LEYENDO
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜
Romanceမထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်နိုင်ပါ့မလား