" နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား"
Extra Part-7✨🖤⚜️မောင်နှင့်သားတွေက ကျောင်းနှင့်အလုပ်ကိုယ်စီ သွားကုန်ပြီမို့ အိမ်မှာ ခွင်းနဲ့သမီးလေးရယ်၊ တီခိုင်နဲ့ အေးကြည်ရယ်သာ ကျန်နေခဲ့သည်
တီခိုင်က သမီးလေးကို ကူထိန်းပေးပေမယ့် တီခိုင့်မှာလည်း တရားအလုပ်ရှိသေးသည်မို့ မနက်ပိုင်းလေးသာ သမီးလေးကိုထိန်းစေပြီး တခြားအချိန်တွေမှာတော့ ခွင်းသာ သမီးလေးကို ကြည့်သည်
" သမီးရေ မေမေနှင့် ရေချိုးရအောင်နော်
အဲ့....အဲ့....အုအ...အွန်း...."
အဟင်း အခုထိ စကားလုံးမပီသသေးပေမယ့် သူပြောချင်ရာဆို အသံထွက်လာလေးတာတွေက ခွင်းအတွက် ချစ်စဖွယ်ပါပင်။
" သမီးရေ ရေကန်လေးထဲမှာ ငြိမ်ငြိမ်လေးနေမယ်လေ
ဟော ကြည့် မေမေ့ကလေးလေးကတော့ ဆံပင်တွေစိုကုန်ပြီ "သမီးလေးက ရေကြိုက်သည်မို့ သူလေးကို ရေချိုးပေးသည့်အချိန်ဆို ရေချိုးပေးသည့်သူပါ ရေတစ်ခါတည်းချိုးလိုက်ရသည်အထိ အဆော့သန်လှသည်
အခုလည်း သူလေးကို မနေ့က ခေါင်းလျှော်ပေးပြီးသားမို့ ဆံပင်တွေမစိုအောင် ဆံပင်အုပ်သည့်အရာလေး ဝတ်ပေးထားပေမယ့် ဖောင်းဖောင်းကစ်ကစ်လက်သေးသေးလေးတွေက အငြိမ်မနေပဲ ခေါင်းကဟာကို ဆွဲချွတ်၍ ရေကန်ထဲရှိ ရေတွေကို တဗွမ်းဗွမ်းနဲ့ ဆော့နေတာမို့ ဆံပင်တွေပါစိုကုန်ပြီဖြစ်သည်" သမီးရေ မေမေ့ကိုပါ ရေတစ်ခါတည်းချိုးဖြစ်အောင် လုပ်နေတာလားကွယ်
အာ.......ခစ်ခစ်ခစ်...."
" အဟွန်း မေမေ့ကလေးလေးက မေမေ့ကို ရေနဲ့ပက်ရတာ သဘောကျနေတယ်ပေါ့လေ
လာပြီကွ သမီးလေးကိုလည်း မေမေက ရေပြန်ပက်ပါမယ်....ခစ်ခစ်ခစ်....."
ဂုဏ် ဒီနေ့ အပြင်ကို အလုပ်ကိစ္စနဲ့ ထွက်လာရင်း အိမ်ကိုပါ တစ်ခါတည်း ပြန်လာခဲ့လိုက်တာဖြစ်သည်
အောက်ထပ်မှာ သားအမိနှစ်ယောက်အသံမကြားရသည်မို့ အေးကြည်ကိုမေးကြည့်တော့ မမလေးက သမီးလေးကို ရေသွားချိုး ပေးနေပါသည်တဲ့
တီခိုင်ကတော့ ဘုရားဝတ်ပြုပြီး ခဏမှေးနေပါသည်လို့ ပြောသည်
YOU ARE READING
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜
Romanceမထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်နိုင်ပါ့မလား