"သွင်ထက်ရေ........"
သူတို့အုပ်စုက သွင်ထက်တို့ခြံထဲက စကားပင်အောက်မှာ စာစုလုပ်နေရင်း ခေါ်သံကြားတာမို့
"ဟဲ့ သွင်ထက်နာမည်ခေါ်တာ ကြားလိုက်ကြတယ်မလား
အင်းကြားတယ်....ခြံဝကိုကြည့်လိုက်သမု"
အယ် သန့်ညီကိုနဲ့ရွှန်းရည်မိုးတို့ပါလား
ဟုတ်လားသမု.....
အေး......
ဒါဆို ခြဲထဲဝင်ခိုင်းလိုက်လေ......
ဝင်လာခဲ့ သူငယ်ချင်းတို့ တံခါးစေ့ထားတယ် ပိတ်မထားဘူး
အေးအေး...... "
နင်တို့နောက်ကျတယ်နော်.....
အေးဟ.....ကျူရှင်က အချိန်ပိုခေါ်နေတာနဲ့ အခုမှ ရောက်လာတာ....
မင်းတို့စာလုပ်နေတာ ဘယ်ဘာသာပြီးသွားပြီလဲ
ငါတို့က English Grammarတွေ လေ့ကျင့်ပြီးသွားပြီ
အခုသိပ္ပံမေးခွန်းတိုတွေပြန်နွှေးမလို့.........အင်း ဒါဆို ငါတို့လည်း သိပ္ပံမေးခွန်းတိုပြန်နွှေးမယ်.......ပြီးမှ သမိုင်းအပုဒ်ရှည်တွေကျက်ကြတာပေါ့.....
အိုကေ ရော့ မင်းတို့မုန့်စားကြဦး
အင်း.....ကောင်းသားပဲ နင့်အမေလုပ်တာလားသွင်ထက်
အေး နင်ကြိုက်သွားပြီမလား ရွှန်းရည်မိုး
အေး ထပ်စားဦးမယ်
မင်းလည်းစားလေ သန့်ညီ
အေး....ငါစာအုပ်လေးထုတ်နေလို့ပါ"
^^^^^^ ^^^^^ ^^^^^ ^^^^^ ^^^^^ ^^^^^ ^^^^ ^^^^ ^^^^^^
Laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ခင်ပွန်းဖြစ်သူအနား သွားပြီး
"ကိုရေ......
ဟင် ပြောလေခက်.......
အလုပ်ကိုခဏရပ်ပါဦး
ခက်ပြောစရာရှိလို့ခက် ပြောမှာ သားအကြောင်းမလား
အဟင်း ဟုတ်တယ် ကို
သားကို အေးဆေးလွှတ်ထားပေးလိုက်ပါလားခက်
အခုလို အတင်းအကြပ်ပြောပါများရင် သားက ကိုယ်တို့နားကနေ ဒီထက်ပိုဝေးသထက်ဝေးသွားလိမ့်မယ်.......စား ကျောင်းအေးဆေးတက်ပါစေခက်ရယ်
KAMU SEDANG MEMBACA
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜
Romansaမထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်နိုင်ပါ့မလား