"ရာရာ.......
သြော် သွေးသစ်
မကြာခင် နင့်မွေးနေ့ရောက်တော့မှာမလား"
ဂုဏ် ညတို့နဲ့ မလှမ်းမကမ်းမှာရှိနေတာမို့ သွေးသစ်ဆိုတဲ့ကောင်နဲ့ည စကားပြောနေတာကိုသူကြားနေရတယ်
သူတင်မဟုတ်ဘူး ခန့်ညားတို့သွင်ထက်တို့ပါ ညတို့စကားပြောနေတာကို နားစွင့်နေတယ်"အေးလေ
ဒီမှာ Birthday present
ငါ့မွေးနေ့ကမရောက်သေးဘူးလေသွေးသစ်
ငါက အဲ့နေ့ ကျူရှင်ပျက်မှာမို့ ကြိုပေးထားတာရာရာ
သြော် အင်းကျေးဇူးပါသွေးသစ်
မလိုပါဘူး ရာရာရယ်.....ဒါဆို ငါနေရာမှာ သွားထိုင်တော့မယ်နော်
အင်းအင်း"
ညက သွေးသစ်ပေးတဲ့လက်ဆောင်အိတ်လေးကိုယူပြီး သူ့ရှေ့ကထိုင်ခုံမှာလာထိုင်တယ်
"ဟဲ့ ခွင်း ဟိုကောင်သွေးသစ်က ဘာပေးလိုက်တာလဲ
မွေးနေ့လက်ဆောင်ကြိုပေးတာ ဒီမှာလေ
ညမွေးနေ့က ၈လပိုင်း ၁၂ရက်နေ့မှလေ
အင်းသူကအဲ့နေ့ကျူရှင်မလာဘူးတဲ့
အဲ့တာကြောင့် အခုကတည်းက ပေးတာလို့ပြောတယ်
မွေးနေ့ကသိပ်မလိုတော့ဘူးလေ နောက်၄ရက်နေရင် ရောက်ပြီပဲကိုပါကင်ပိတ်ထားတာဆိုတော့ ဖွင့်ကြည့်လို့မရဘူး
ဘာလက်ဆောင်ပေးတာလဲသိချင်လိုက်တာသမု ငါအဲ့လိုလက်ဆောင်ပေးရမလား
မလိုဘူး လာမနောက်နဲ့သွင်ထက်
ဟားဟား"
သွင်ထက် ခွင်းကိုကြည့်ရင်း မျက်နှာမကောင်းတဲ့နေလင်းရဲ့ပုံစံကြောင့် တစ်စုံတစ်ခုကို ရိပ်မိလိုက်သလိုပဲ
"နေလင်း မင်းနေမကောင်းဘူးလား
ကောင်းတယ် ဘာမှမဖြစ်ဘူး
မင်းတို့စာပြန်မလုပ်သေးဘူးလား
ဆရာက ခဏနေ ပုဒ်စာတွေတွက်ခိုင်းတော့မှာနော်အေးပါဟယ်
ည......
အင်း ငါလည်း စာပြန်ကြည့်နေပြီ
YOU ARE READING
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜
Romanceမထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်နိုင်ပါ့မလား